Connect with us

Hi, what are you looking for?

News

ဆေးမင်းတောရဲစခန်းမှ ရဲတစ်ဦး လက်နက်နှင့် CDMပြုလုပ်လာ၍ ကျပ်သိန်း ၅၀ချီးမြှင့်ခဲ့ဟု ထီးလင်း PDFအသိပေး

အဆိုပါ ရဲတပ်သားသည် ပြည်သူလူထု၏ထောက်ခံအားပေးမှုမရှိသော အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ထီးလင်း PDF ထံဆက်သွယ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာခြင်းဖြစ်သည်ဟုဆိုသည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ဆေးမင်းတော ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ဝင်ရောက်လာကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်သားသည် ပြည်သူလူထု၏ထောက်ခံအားပေးမှုမရှိသော အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ထီးလင်း PDF ထံဆက်သွယ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာခြင်းဖြစ်သည်ဟုဆိုသည်။

၎င်းနှင့်အတူ M-13 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည်တောင့်အရေအတွက် (၆၅) တောင့် ပါရှိလာကြောင်း၊ အဆိုပါ ရဲတပ်သားနှင့် ၎င်း၏ မိဘများက CDM ဝင်ရောက်ရန် ဆက်သွယ်လာခဲ့ချိန်တွင် ထီးလင်း PDF၊ ထီးလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက CDMရဲတပ်သားမိသားစုကို အန္တရာယ်ကင်းစွာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

အာဏာရှင်စနစ် အမြစ်ပြတ်ရေးတော်လှန်နေကြချိန်တွင် ပြည်သူနဲ့အတူ ပူးပေါင်းရပ်တည်
လာခဲ့သည့် CDM ရဲတပ်သားအား ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထီးလင်း PDFသည် မေလ ၁၆ရက်ညပိုင်းက ရေမျက်နီနယ်မြေရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ PDF ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။ ဧပြီ ၁၇ရက်ကလည်း ထီးလင်းမြို့နယ် ကျင်းရွာ နယ်မြေရဲစခန်းကို ထီးလင်း PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ရဲ ၃ဦးသေဆုံးခဲ့သည်။ ထို့အပြင် ရဲ ၁၀ဦးကို အရှင်ဖမ်းမိပြီး လက်နက် ၁၉လက်ရရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။