Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆေးမင်းတောရဲစခန်းမှ ရဲတစ်ဦး လက်နက်နှင့် CDMပြုလုပ်လာ၍ ကျပ်သိန်း ၅၀ချီးမြှင့်ခဲ့ဟု ထီးလင်း PDFအသိပေး

အဆိုပါ ရဲတပ်သားသည် ပြည်သူလူထု၏ထောက်ခံအားပေးမှုမရှိသော အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ထီးလင်း PDF ထံဆက်သွယ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာခြင်းဖြစ်သည်ဟုဆိုသည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ဆေးမင်းတော ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ဝင်ရောက်လာကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်သားသည် ပြည်သူလူထု၏ထောက်ခံအားပေးမှုမရှိသော အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ထီးလင်း PDF ထံဆက်သွယ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာခြင်းဖြစ်သည်ဟုဆိုသည်။

၎င်းနှင့်အတူ M-13 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည်တောင့်အရေအတွက် (၆၅) တောင့် ပါရှိလာကြောင်း၊ အဆိုပါ ရဲတပ်သားနှင့် ၎င်း၏ မိဘများက CDM ဝင်ရောက်ရန် ဆက်သွယ်လာခဲ့ချိန်တွင် ထီးလင်း PDF၊ ထီးလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက CDMရဲတပ်သားမိသားစုကို အန္တရာယ်ကင်းစွာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

အာဏာရှင်စနစ် အမြစ်ပြတ်ရေးတော်လှန်နေကြချိန်တွင် ပြည်သူနဲ့အတူ ပူးပေါင်းရပ်တည်
လာခဲ့သည့် CDM ရဲတပ်သားအား ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထီးလင်း PDFသည် မေလ ၁၆ရက်ညပိုင်းက ရေမျက်နီနယ်မြေရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ PDF ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။ ဧပြီ ၁၇ရက်ကလည်း ထီးလင်းမြို့နယ် ကျင်းရွာ နယ်မြေရဲစခန်းကို ထီးလင်း PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ရဲ ၃ဦးသေဆုံးခဲ့သည်။ ထို့အပြင် ရဲ ၁၀ဦးကို အရှင်ဖမ်းမိပြီး လက်နက် ၁၉လက်ရရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။