နွေဦးတော်လှန်ရေးအောင်ပွဲခံပြီးနောက် ကရင်နီဒေသ (ကယားပြည်နယ်)သို့ အမှန်တစ်ကယ် လည်ပတ်သွားလာနိုင်မည့် တောင်တန်းဂီတကမ်ပိန်းအား မကြာမီ စတင်မည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF Loikaw)က ယနေ့ထုတ်ပြန် အသိပေးလိုက်သည်။
အဆိုပါ တောင်တန်းဂီဂကမ်ပိန်းတွင် တော်လှန်ရေးကာလအတွင်း ရဲဘော်များနေထိုင်ခဲ့သော Camp များ၊ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာများ၊ တောင်တန်းများ၊ လျှိုမြောင်များသို့ သွားရောက်နိုင်မည့် အစီအစဥ်များပါဟုသည် ထုတ်ပြန်သည်။
ယင်းအစီအစဥ်၌ ခရီးသွားလက်မှတ်တွင် စားသောက်၊ တည်းခို၊ ကားလက်မှတ်၊ သွားလာရေး စရိတ်အားလုံးကို Fully Cover ပေးမည့်အပြင် Adventure /Luxury စသည့် ဝန်ဆောင်မှုနှစ်ခုလည်း ပါဝင်ကြောင်း အသိပေးသည်။
“ကျွန်တော်တို့ ကရင်နီပြည်ဟာ အင်မတန် လှတဲ့ ဒေသ ပါ။ စစ်ပွဲတွေနဲ့ မထိုက်တန်ပါဘူး။ စစ်ပွဲတွေအမြန်ပြီးဆုံးဖို့ လက်မှတ်တွေဝယ်ယူရင်း ထောက်ပို့ရင်းနဲ့ အနာဂတ်မှာ ခရီးသွားဖို့လည်း ပြင်ဆင်ရင်း လွိုင်ကော် PDFနဲ့ ကရင်နီပြည်ကို ထောက်ပို့ဖို့အားလုံးကို တိုက် တွန်းအပ်ပါတယ်”ဟု PDF Loikaw က ပြောသည်။

Public Service Announcement
အထက်ပါကမ်ပိန်းနှင့်စပ်လျဥ်းပြီး အသေးစိတ်ကို မကြာခင်ဆက်ပြီး ကြေညာသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။


















































