Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်ရေးရဲဘော်များနေထိုင်ခဲ့သော Campများ၊ တိုက်ပွဲနေရာများအထိ အလည်အပတ်သွားနိုင်မည့် တောင်တန်းဂီတကမ်ပိန်း မကြာမီစမည်ဟု လွိုင်ကော် PDF အသိပေး

ယင်းအစီအစဥ်၌ ခရီးသွားလက်မှတ်တွင် စားသောက်၊ တည်းခို၊ ကားလက်မှတ်၊ သွားလာရေး စရိတ်အားလုံးကို Fully Cover ပေးမည့်အပြင် Adventure /Luxury စသည့် ဝန်​ဆောင်မှုနှစ်ခုလည်း ပါဝင်ကြောင်း အသိပေးသည်။

နွေဦးတော်လှန်ရေးအောင်ပွဲခံပြီးနောက် ကရင်နီဒေသ (ကယားပြည်နယ်)သို့ အမှန်တစ်ကယ် လည်ပတ်သွားလာနိုင်မည့် တောင်တန်းဂီတကမ်ပိန်းအား မကြာမီ စတင်မည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF Loikaw)က ယနေ့ထုတ်ပြန် အသိပေးလိုက်သည်။

အဆိုပါ တောင်တန်းဂီဂကမ်ပိန်းတွင် တော်လှန်ရေးကာလအတွင်း ရဲဘော်များနေထိုင်ခဲ့သော Camp များ၊ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာများ၊ တောင်တန်းများ၊ လျှိုမြောင်များသို့ သွားရောက်နိုင်မည့် အစီအစဥ်များပါဟုသည် ထုတ်ပြန်သည်။

ယင်းအစီအစဥ်၌ ခရီးသွားလက်မှတ်တွင် စားသောက်၊ တည်းခို၊ ကားလက်မှတ်၊ သွားလာရေး စရိတ်အားလုံးကို Fully Cover ပေးမည့်အပြင် Adventure /Luxury စသည့် ဝန်​ဆောင်မှုနှစ်ခုလည်း ပါဝင်ကြောင်း အသိပေးသည်။

“ကျွန်တော်တို့ ကရင်နီပြည်ဟာ အင်မတန် လှတဲ့ ဒေသ ပါ။ စစ်ပွဲတွေနဲ့ မထိုက်တန်ပါဘူး။ စစ်ပွဲတွေအမြန်ပြီးဆုံးဖို့ လက်မှတ်တွေဝယ်ယူရင်း ထောက်ပို့ရင်းနဲ့ အနာဂတ်မှာ ခရီးသွားဖို့လည်း ပြင်ဆင်ရင်း လွိုင်ကော် PDFနဲ့ ကရင်နီပြည်ကို ထောက်ပို့ဖို့အားလုံးကို တိုက် တွန်းအပ်ပါတယ်”ဟု PDF Loikaw က ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါကမ်ပိန်းနှင့်စပ်လျဥ်းပြီး အသေးစိတ်ကို မကြာခင်ဆက်ပြီး ကြေညာသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။