Connect with us

Hi, what are you looking for?

News

သမ္မတ ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အတွင်း စစ်အုပ်စုရဲ့အာဏာသိမ်းမှုကို ရှုတ်ချ

သမ္မတ ဘိုင်ဒင်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးအဖြစ် တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ရိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကိုသွားရောက်ကာ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါသေးတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ ပထမဆုံး အာရှခရီးစဉ်အတွင်း အာရှအင်အားကြီးနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်တွေမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကိုရှုတ်ချပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်လျှောက်ဖို့ စစ်အုပ်စုကို တွန်းအားပေးတာတွေ လုပ်ခဲ့ပါတယ်။

သမ္မတ ဘိုင်ဒင်ဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံးအဖြစ် တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ရိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံကိုသွားရောက်ကာ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီတွေ့ဆုံမှုတွေအပြီး ခေါင်းဆောင်တွေရဲ့ပူးတွဲထုတ်ပြန်ချက်မှာ စစ်အုပ်စုရဲ့အာဏာသိမ်းမှုကို ရှုတ်ချကြပြီး အကြမ်းဖက်မှုတွေ ချက်ချက်ရပ်တန့်ပစ်ဖို့ တောင်းဆိုတာတွေ့ရပါတယ်။

တောင်ကိုရီးယားသမ္မတ နဲ့ ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်မှာဆိုရင် စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးဖို့ နိုင်ငံတကာကိုတောင်းဆိုထားကြပါတယ်။ ဒါအပြင် စစ်အုပ်စုကို စစ်လက်နက်တွေမရောင်းဖို့လည်းတိုက်တွန်းထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်ဝန်ကြီးချုပ်နဲ့ပူးတွဲကြေညာချက်မှာတော့ မတရားဖမ်းဆီးထားသူတွေကိုချက်ချင်းလွှတ်ပေးဖို့ ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ တစ်နိုင်ငံလုံးဆီ အကန့်အသတ်မရှိရောက်စေဖို့ တောင်းဆိုထားကြပါတယ်။

သမ္မတ ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်မတိုင်ခင်ကတော့ အာဆီယံ ခေါင်းဆောင်တွေကို ဝါရှင်တန်ဒီစီကိုဖိတ်ခေါ်ကာ ထိပ်သီးညီလာခံတစ်ရပ်ကျင်းပထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။