Connect with us

Hi, what are you looking for?

News

ကရင်နီနယ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသူများအနက် အကျဉ်းသား ၂၄ဦးကို KSCC ပြန်လွှတ်ပေး

“စစ်ကောင်စီဘက်ကို ရပ်တည်နေသေးတဲ့သူတွေအနေနဲ့ ပြည်သူနဲ့ တသားတည်း ရပ်ဖို့လိုတာပေါ့။ အဲဒါကြောင့် အမြန်ဆုံးအဲဒါကို သိရှိနားလည်ပြီးတော့မှ ဘက်ပြောင်းလာဖို့ အရေးကြီးတာပေါ့”ဟု KSCC တာဝန်ရှိသူက ပြောသည်။

(ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သား အကျဥ်းသားများအားတွေ့ရစဥ်)

စစ်ကောင်စီထောက်တိုင်များကို ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်၍ ကျန်နေသူများ ပြည်သူ့ဘက်အမြန်ဆုံးရပ်တည်ကြရန် သတိပေး

ကရင်နီပြည်နယ်အတွင်း လက်ရှိဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား ၁၂၆ ဦးအနက် နိုင်ငံတကာအဖွဲ့များ၏ တောင်းဆိုမှု၊ လူသားချင်း စာနာထောက်ထားမှုနှင့် အကျဉ်းသားများ၏ ခံဝန်ကတိများကြောင့် အကျဉ်းသား ၂၄ ဦးကို ခံဝန်ကတိဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)က ထုတ်ပြန်သည်။

“ထိန်းသိမ်းထားတဲ့သူတွေက တော်တော်များတယ်။ ၁၂၅ ယောက်လောက်ရှိတယ်လေ။ အဲဒီထဲမှာမှ စစ်ကောင်စီရဲ့ လက်ပါးစေတွေ၊ ထောက်တိုင် ဒလန်တွေ၊ နောက်ပြီး မူးယစ်ဆေးဝါးမှုတွေ မုဒိမ်းမှုတွေ နောက်လူသတ်မှု အများကြီးရှိတယ် ။အဲဒီ ကြားထဲမှာမှ အမှုအပေါ့ဆုံးသူတွေပေါ့။ သံသယမှုနဲ့ ဖမ်းဆီးထိန်းချုပ်ထားတဲ့သူတွေ ပြန်လွှတ်မယ် အဲဒီလိုပေါ့”ဟု KSCC ပြောရေးဆို ခွင့်ရှိသူက ပြောကြားသည်။

ယခင်ကာလများတင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများထဲမှ တရုတ်နိုင်ငံသား ၄ဦး အပါအဝင် အကျဉ်းသားအချို့ကိုလည်းပြန်လည် လွှတ်ပေးပြီးဖြစ်သည်ဟုလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သား အကျဥ်းသားများအားတွေ့ရစဥ်)

ပြည်သူလူထု၏ အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ရေး နယ်မြေထိန်းချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်အကြမ်းဖက် စစ်ကောင်စီများ၏ ထောက်တိုင်များဖြစ်သည့် စစ်ကောင်စီ ထောက်လှမ်း ရေးတပ်များ၊ စစ်ကောင်စီဒလန်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီရဲများ ၊ စစ်တပ်၏ အကြမ်း ဖက်မှုကို ထောက်တိုင်အဖြစ် ပါဝင်နေသူမှန်သမျှ နှင့် အခြားရာဇဝတ်မှု ကျူးလွန်သူများကို ကရင်နီပြည် နယ်ရှိ ကရင်နီပြည်နယ်ရဲဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တို့သည် ဆက်လက် ဖမ်းဆီးထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

(ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သား အကျဥ်းသားများအားတွေ့ရစဥ်)

သို့ဖြစ်၍ ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ် ပါဝင်ပတ်သက်နေသူများအနေဖြင့် အမြန်ဆုံးသိရှိပြင်ဆင်ပြီး ပြည်သူ့အစိုးရ၊ ပြည်သူ့ တပ်ဖွဲ့များနှင့် ဘက်ပြောင်းပူးပေါင်း ကြပါရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

“စစ်ကောင်စီဘက်ကို ရပ်တည်နေသေးတဲ့သူတွေအနေနဲ့ ပြည်သူနဲ့ တသားတည်း ရပ်ဖို့လိုတာပေါ့။ အဲဒါကြောင့် အမြန်ဆုံးအဲဒါကို သိရှိနားလည်ပြီးတော့မှ ဘက်ပြောင်းလာဖို့ အရေးကြီးတာပေါ့”ဟု KSCC တာဝန်ရှိသူက ပြောသည်။

(ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သား အကျဥ်းသားများအားတွေ့ရစဥ်)

ကရင်နီပြည်နယ်တွင် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့သည်။ တိုက်ပွဲများ၌ နှစ်ဖက်ကျဆုံးထိခိုက်မှုရှိခဲ့သော်လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု အလွန်များပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

Facebook