Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်​ကောင်စီတပ်နှင့် KIA/PDF ပူး​ပေါင်းတပ်တို့ တိုက်ပွဲဖြစ်

ဖားကန့်မြို့တွင် မေလ ၂၃ ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ တပ်အချိန်းအပြောင်းပြုလုပ်လာခြင်းဟု ဒေသခံများက သုံးသပ်ကြသည်။

ဖားကန့် KIA

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ချင်းအပြောင်းအလဲလုပ်နေပြီး ယင်းတပ်နှင့် KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်ဒေသသို့ စစ်ကောင်စီ၏တပ်မ(၆၆) လက်အောက်ခံတပ်ရင်းအချို့မေလ ၂၇ရက်ကရောက်ရှိလာခြင်းဖြစ်သည်။

” ဒီရက် တပ်အပြောင်းအလဲတွေလုပ်နေတယ်။ တိုက်ပွဲလည်း ဖြစ်တယ်။ တိုက်ပွဲမဖြစ်တဲ့အချိန်ဆို စစ်တပ်(စစ်ကောင်စီ) က တစ်ဖက်သတ်ပစ်နေတာမျိုးတွေ လုပ်တယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့တွင် မေလ ၂၃ ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ တပ်အချိန်းအပြောင်းပြုလုပ်လာခြင်းဟု ဒေသခံများက သုံးသပ်ကြသည်။

Public Service Announcement

Public Service Announcement

မေလ ၂၃ရက်က ဖားကန့်မြို့ မမုံစံပြကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကေအိုင်အေ၊ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ခုနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ယမန်နေ့(မေလ ၂၇ရက်) နံနက်နှင့်ညကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

” ကေအိုင်အေနဲ့ လူငယ်တွေ(ပြည်သူကာကွယ်ရေးရဲဘော်များ)ကတော့ အရပ်သားနေရာတွေကို ရှောင်ပြီးမှ တိုက်ပွဲဖော်တယ်။ ကျွန်တော်တို့ သဘောက​တော့ စစ်ခွေးတွေကို ဖိတိုက်စေချင်ပြီ။ စစ်ခွေးတွေဘက်က တပ်ဖွဲ့ဝင်တွေလည်း အသိတရားဝင်ပြီးပြည်သူနဲ့ ပူးပေါင်းစေချင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လူထုတော်လှန်ရေး အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ ရဲတပ်ရင်းမှ ဒုရဲအုပ်တစ်ဦးနှင့်ရဲတပ်သားတစ်ဦးကို KIAနှင့်ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်က မေလ ၂၁ ရက်တွင် ဖမ်းဆီးထိမ်းသိမ်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။