Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တိုက်ပွဲတွင် ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း MDY-PDFထုတ်ပြန်

ရဲဘော်မိုးတိမ်(ကိုယ်ပိုင်အမှတ် P1-1204-0020)သည် မေ ၂၄ ရက်က မတ္တရာမြို့နယ်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ရာ စစ်မြေပြင်တွင်တပ်နှင့်လမ်းကွဲသွားခဲ့ပြီး ​တောတွင်းတစ်​နေရာတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ကျဆုံးရဲဘော်

မတ္တရာမြို့နယ်တွင်းဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မတော်-မန္တလေး(MDY-PDF)က ယနေ့(မေ ၂၈)အသိပေးထုတ်ပြန်သည်။

ကျဆုံးသွားကြောင်း ထုတ်ပြန်ချက်

“မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော ရဲဘော်မိုးတိမ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက် မေ့ နေမည်ဖြစ်ကြောင်း ညိုးငယ်သော စိတ် ထားဖြင့်ထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြသည်။

ရဲဘော်မိုးတိမ်(ကိုယ်ပိုင်အမှတ် P1-1204-0020)သည် မေ ၂၄ ရက်က မတ္တရာမြို့နယ်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ရာ စစ်မြေပြင်တွင်တပ်နှင့်လမ်းကွဲသွားခဲ့ပြီး ​တောတွင်းတစ်​နေရာတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ