Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးပြီး ဒီးမော့ဆို PDFထံ ခိုလှုံ

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုကို ပစ်ခတ်ခြင်း စသည့် မတရားမှုများကို နေ့စဉ် ပြုလုပ်နေသည့်အပေါ် မနှစ်သက်၍ တပ်ကိုစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တပ်သားစောဝေဖြိုးအောင်

လွိုင်ကော်မြို့လုံခြုံရေးအတွက် တာဝန်ယူနေရသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးသည် ယနေ့ (မေလ ၂၈ရက်)တွင် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ထံ ခိုလှုံလာကြောင်း ဒီးမော့ဆို PDFက အသိပေးသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ခိုလမ်မြို့ ခလရ(၆၆)တပ်ရင်းမှ တပ်သားစောဝေဖြိုးအောင်သည်ဇန်နဝါရီ ၄ရက်တွင် ကယားပြည်တော် လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်နယ်မြေ လုံခြုံရေးအရရွှေ့ပြောင်း တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး မေလ ၂၅က်တွင် တပ်မှထွက်ပြေးကာ ယနေ့တင် ဒီးမော့ဆို PDF ထံ လာရောက်ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်သား စောဝေဖြိုးအောင်သည် လုပ်သက်(၁၂)တိတိတာဝန်ထမ်းဆောင်ခဲ့သော တပ်သားဖြစ်ပြီး စစ်ကောင်စီတပ်၏ လုပ်ရပ်များကိုမကြိုက်၍ တပ်ကိုစွန့်ကာ ပြည်သူ့ဘက်သို့ ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်က ပြောကြားသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုကို ပစ်ခတ်ခြင်း စသည့် မတရားမှုများကို နေ့စဉ် ပြုလုပ်နေသည့်အပေါ် မနှစ်သက်၍ တပ်ကိုစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လာရောက်ခိုလှုံခဲ့သော တပ်သားစောဝေဖြိုးအောင်အား နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး လိုအပ်သောစစ်ဆေးမေးမြန်းကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဒီးမော့ဆို PDFက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်မှ စွန့်ခွာလိုသောတပ်ဖွဲ့ဝင်များကို ဒီးမော့ဆို PDFက နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်ယူလာပါက ကျပ်သိန်း ၅၀ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။