Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်အဖြစ်ဆောင်ရွက်နေသူများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်အရေးယူမည်ဟု KRF သတိပေး

ကျိုက်ထိုမြို့နယ်အတွင်းမှ တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် နှစ်ဦးနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် နှစ်ဦးသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

People's Spring
People's Spring

စစ်ကောင်စီ၏ စီးပွားရေးထောက်တိုက်အဖြစ် ဆောင်ရွက်နေသူများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ပါက ပြင်းထန်စွာအရေးယူမည်ဟု ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က သတိပေးချက်ထုတ်ပြန်သည်။

ကျိုက်ထိုမြို့နယ်အတွင်းမှ တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် နှစ်ဦးနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် နှစ်ဦးသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ ကျွန်ုပ်တို့ KRFမှ လူကြီးမင်းတို့အား အသိပေးလိုသည်မှာ လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်စေ၊ ကိုယ်ပိုင်ပုဂ္ဂလိက ရပ်တည်ချက်ကြောင့်ဖြစ်စေ အကြမ်းဖက် စစ်ကောင်စီများနှင့် ပတ်သက်လှုပ်ရှားဆောင်ရွက်နေသည်များကို စုံစမ်းထောက်လှမ်းသိရှိထားပြီး ဖြစ်ပါသည်။ထိုသို့ ပြည်သူလူထုအပေါ် မတရားအကြမ်းဖက် အုပ်ချုပ်နေသော စကစ၏ စီးပွားရေး ထောက်တိုင်အဖြစ် ဆက်လက်ဆောင်ရွက်နေပါက ကျွန်ုပ်တို့ KRF မှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ရမည် ဖြစ်ပါသည်”ဟု ကြေညာချက်၌ ရေးသားထားသည်။

ထို့ကြောင့် စစ်ကောင်စီအလိုကျ ပူးပေါင်းဆောင်ရွက်နေသည်များကိုယနေ့မှစ၍ လုံးဝ (လုံးဝ) ရပ်တန့်ရန် အသိပေးလိုက်ကြောင်း၊ ဤစာထုတ်ပြန်ချက်သည် နောက်ဆုံးသတိပေးခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုမရှိက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KRFသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ် ရေးတပ်(PDF) အပါအဝင် တော်လှန်ရေးအင်အားစုများ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။