Connect with us

Hi, what are you looking for?

သတင်း

မျောက်ကျောက်ရောဂါမှာ တိရစ္ဆာန်မှတဆင့်ကူးစက်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး စိုးရိမ်မလွန်ဘဲ အသိပေးချက်များအားလိုက်နာရန် NUG နှိုးဆော်

မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ ယခင်မဖြစ်ဘူးသော အာဖရိကပြင်ပနိုင်ငံများထိ ကူးစက်ဖြစ်ပွားလာနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မျောက်ကျောက်ရောဂါ
မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါ(Monkeypox Virus Infection)သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုးဖြစ်ပြီး စိုးရိမ်မလွန်ဘဲ အသိပေးချက်များအားလိုက်နာကြရန် NUG ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်တိုက်တွန်းသည်။

NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော မျောက်ကျောက်ရောဂါဆိုင်ရာ ထုတ်ပြန်ချက်များ၊ ရောဂါကူးစက်ပုံများ၊ ရောဂါလက္ခ ဏာများနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အမြဲလေ့လာစောင့်ကြည့်ပြီး အထူးသတိပြုလိုက်နာကြရန်လိုအပ်သည်ဟု ဖော်ပြသည်။

မျောက်ကျောက်ရောဂါ
မျောက်ကျောက်ရောဂါ

မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ယခုအချိန်ထိ မတွေ့ရှိရသေး သော် လည်း နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ခရီး သွားလာမှုများကြောင့် ရောဂါဖြစ်ပွားနေသောနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်ခြေလည်း ရှိသည်ဟု သတိပေးသည်။

မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ ယခင်မဖြစ်ဘူးသော အာဖရိကပြင်ပနိုင်ငံများထိ ကူးစက်ဖြစ်ပွားလာနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ အရေကြည်ဖုများထွက်ခြင်း၊ ပြန်ရည်ကျိတ်များရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက် သားများ နာကျင်ကိုက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည်တို့ ပါဝင်သည်။

မျောက်ကျောက်ရောဂါ ကာကွယ်ရန်နည်းလမ်းများမှာ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ သံသယလူနာများနှင့် ရောဂါအတည်ပြုခံထားရသူလူနာများနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း၊ သေဆုံးတိရစ္ဆာန်များ ၏ အသားများ၊ သွေးများနှင့် အခြားအစိတ် အပိုင်းများကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အသားနှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာ ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးခြင်း၊ တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်မှု မပြုခြင်းတို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။