Connect with us

Hi, what are you looking for?

News

စမ်း​ချောင်း မုန့်​တောင်ရပ်ကွက်ရုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့ စမ်း​ချောင်းမြို့နယ် မုန့်​တောင်ရပ်ကွက်အုပ်ချုပ်​ရေးမှူး ရုံးတွင် ယ​နေ့(​​​သြဂုတ် ၄ ရက်) ည၈နာရီဝန်းကျင်တွင် ​ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်ကျွမ်းခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ဗုံးလား ဘာလားတော့ သေချာမသိပေမယ့် အိမ်ကနေ အုန်းခနဲ သံအကျယ်ကြီးကြားလိုက်ရတယ်။ အပြင်ထွက်ကြည့်တော့မှ ရပ်ကွက်ရုံးမီးလောင်နေတာ တွေ့ရတာပါ။ ခုလျှပ်စစ်မီးတွေလည်း ပျက်သွားတယ်။ အထိအခိုက်တော့ မသိရသေးဘူး။ ရဲကား၊ မီးသတ်ကားတွေတော့ ရှုပ်နေပါတယ်။ ရုံးကတော့ အတွင်းပိုင်းအကုန်ပြာကျနေတာ လှမ်းတွေ့ရတယ် ” ဟု မျက်​မြင်တွေ့ရှိသူ က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။