Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင်စစ်​ကောင်စီတပ်အင်အားတိုးပြီးပိုလှုပ်ရှားလာသဖြင့် ပြည်သူများသတိထားသွားလာရန် အသိ​ပေး

ကန့်ဘလူ​မြောက်ခြမ်း မတည်မငြိမ်အ​ခြေအ​နေများ​ကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–​ကိုး​တောင်ဘို့–​ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။

(မေလလယ်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာအချို့ကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေသည်ကိုတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(မေလလယ်ပိုင်းက ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာအချို့ကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေသည်ကိုတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းစစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုပိုမိုပြုလုပ်လာသောကြောင့်နယ်မြအတွင်းလမ်းပိုင်းများအား သတိထားသွားလာကြရန်ဒေသတွင်းသတင်း​များ​ဖော်ပြ​ပေး​နေသည့် Infinity Group က အသိပေးသည်။

ယခုအခါအကြမ်းဖက်စစ်​ကောင်စီတပ်သည်ကန့်ဘလူမြို့နယ်အတွင်းစစ်​ရေးလှုပ်ရှားမှုများယခင်ကထက်ပိုမိုလုပ်​လာ​​နေသည်။ထို့​ကြောင့်ကန့်ဘလူမြို့နယ်အတွင်း ခရီးသွားလာမည့် ပြည်သူများအ​နေဖြင့် လမ်း​ကြောများအား အ​ရေး​ပေါ် မဖြစ်မ​နေကိစ္စရပ်များမှလွဲ၍ သွားလာခြင်းမပြုလုပ်ကြပါရန် ​အသိ​ပေးကြောင်း နှိုး​ဆော်ထားသည်။

ကန့်ဘလူ–နတ်အင်း–စံပယ်နံ့သာလမ်း​ကြောတ​စ်လျှောက် အကြမ်းဖက်စစ်​ကောင်စီတပ်သား (၂၅၀) ဝန်းကျင် တပ်ချထားသည်ဟု သတင်းရရှိ၍ အသွားအလာ မလုပ်သင့်ကြောင်း၊ အဆိုပါနယ်မြေတွင် ဖုန်းလိုင်းများလည်း ဖြတ်​တောက်ထားကြောင်း Infinity Group က ပြောသည်။

Public Service Announcement

ကန့်ဘလူ​မြောက်ခြမ်း မတည်မငြိမ်အ​ခြေအ​နေများ​ကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–​ကိုး​တောင်ဘို့–​ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ​ဒေသများရှိ ​ကျေးရွာအများစုမှ ​ထောင်နဲ့ချီ​သောပြည်သူများ စစ်​​​ကောင်စီတပ်ရန်​ကြောင့် ထွက်ပြေးတိမ်းရှောင်​နေရ​ကြောင်း ဒေသခံများက ပြောသည်။

ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား ည​နေ ၆ နာရီမှ နံနက် ၅ နာရီအတွင်း အသွားအလာမလုပ်သင့်ကြောင်း Infinity Group က သတိ​ပေးသည်။

ပျူစောထီး​​ပေါများ​သော​ဒေသများသည့်အထူးသဖြင့် ကန့်ဘလူ​မြို့နယ် ဇီးကုန်း၊ကာဘိုး၊ထန်းကုန်း၊​မြေထူး ​ဒေသများအတွင်း ဖြတ်သန်းသွားလာမည်ဆိုပါက နီးစပ်ရာ​ဒေသရှိ အသိမိတ်​ဆွေများနှင့် ဆက်သွယ်ပြီးမှသာအသွားအလာလုပ်သင့်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက အကြံပြုသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ​ရွှေဘိုဘက်မှ ၁၂ ဘီးကား ၄ စီးဖြင့် ကန့်ဘလူဘက်သို့ ​စစ်သားများ၊ရိက္ခာများ ထပ်မံဖြည့်တင်းလာ​ကြောင်း Infinity Groupက ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။