Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ကရွာလုံးကျွတ်နီးပါးမီးရှို့ခဲ့​သော သာဂရရွာ အကူအညီများလိုအပ်​နေ

ခင်ဦးမြို့နယ်သည်လတ်တလောတွင်စစ်ကောင်စီ၏အကြမ်းဖက်ဖျက်ဆီးမှုကိုဆိုးရွားစွာရင်ဆိုင်နေရပြီးသာဂရ ရွာသာမကမြင်းဒေါင်း၊မြို့သစ်၊ဂွေးကုန်းရွာဒေသခံများလည်းထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။

(သာဂရရွာ မီးရှို့ဖျက်ဆီးခံနေရသည့် ဇွန် ၄ရက် မြင်ကွင်း, ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)
(သာဂရရွာ မီးရှို့ဖျက်ဆီးခံနေရသည့် ဇွန် ၄ရက် မြင်ကွင်း, ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)

ခင်ဦးမြို့နယ်သာဂရကျေးရွာကိုစစ်ကောင်စီတပ်ကရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးသွား၍ ဒေသခံများသည် မိုးရာသီတွင်နေစရာမရှိတော့ဘဲဒုက္ခမျိုးစုံကြုံတွေ့နေရကြောင်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က သာဂရကျေးရွာကို ဇွန် ၄ရက် နံနက်မှစ၍မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားပြီး ဒေသခံများသည် နေစရာမရှိတော့၍ ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားသည်။

“မိုးရွာထဲမှာ နေစရာမရှိ ဒုက္ခရောက်နေရပါတယ်။လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်”ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အကူအညီတောင်းထားသည်။

ခင်ဦးမြို့နယ်သည်လတ်တလောတွင်စစ်ကောင်စီ၏အကြမ်းဖက်ဖျက်ဆီးမှုကိုဆိုးရွားစွာရင်ဆိုင်နေရပြီးသာဂရ ရွာသာမကမြင်းဒေါင်း၊မြို့သစ်၊ဂွေးကုန်းရွာဒေသခံများလည်းထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“မိုးကလည်း ရွာတယ်။အိမ်လည်းမရှိတော့ဘူးဗျ။တော်တော်ကိုစာနာစိတ်ကင်းမဲ့တဲ့ စစ်တပ်ပါဗျာ။မဲမဲမြင်ရာအကုန်မီးတိုက်တာ” ဟုထွက်ပြေးတိမ်းရှောင်နေရသည့်သာဂရရွာသားတစ်ဦးကပြောသည်။

နွေဦးတော်လှန်ရေးအတွက်လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍လက်ရှိကာလအထိခင်ဦးနယ်တွင်ကျေးရွာပေါင်း ၃ဝ ကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင်နေအိမ်ပေါင်း၁၃၀၀ကျော်ကိုအကြမ်းထက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက မေ ၃၀ရက်အထိ စာရင်းကိုထုတ်ပြန်ထားသည်။

ထိုအပြင်မေ ၃၀ ရက်နောက်ပိုင်းထပ်မံမီးရှို့ဖျက်ဆီးခံရသောရွာငါးရွာထက်မနည်းရှိနေကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။