Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကရွာလုံးကျွတ်နီးပါးမီးရှို့ခဲ့​သော သာဂရရွာ အကူအညီများလိုအပ်​နေ

ခင်ဦးမြို့နယ်သည်လတ်တလောတွင်စစ်ကောင်စီ၏အကြမ်းဖက်ဖျက်ဆီးမှုကိုဆိုးရွားစွာရင်ဆိုင်နေရပြီးသာဂရ ရွာသာမကမြင်းဒေါင်း၊မြို့သစ်၊ဂွေးကုန်းရွာဒေသခံများလည်းထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။

(သာဂရရွာ မီးရှို့ဖျက်ဆီးခံနေရသည့် ဇွန် ၄ရက် မြင်ကွင်း, ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)
(သာဂရရွာ မီးရှို့ဖျက်ဆီးခံနေရသည့် ဇွန် ၄ရက် မြင်ကွင်း, ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြား​ရေး)

ခင်ဦးမြို့နယ်သာဂရကျေးရွာကိုစစ်ကောင်စီတပ်ကရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးသွား၍ ဒေသခံများသည် မိုးရာသီတွင်နေစရာမရှိတော့ဘဲဒုက္ခမျိုးစုံကြုံတွေ့နေရကြောင်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က သာဂရကျေးရွာကို ဇွန် ၄ရက် နံနက်မှစ၍မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားပြီး ဒေသခံများသည် နေစရာမရှိတော့၍ ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားသည်။

“မိုးရွာထဲမှာ နေစရာမရှိ ဒုက္ခရောက်နေရပါတယ်။လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်”ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အကူအညီတောင်းထားသည်။

ခင်ဦးမြို့နယ်သည်လတ်တလောတွင်စစ်ကောင်စီ၏အကြမ်းဖက်ဖျက်ဆီးမှုကိုဆိုးရွားစွာရင်ဆိုင်နေရပြီးသာဂရ ရွာသာမကမြင်းဒေါင်း၊မြို့သစ်၊ဂွေးကုန်းရွာဒေသခံများလည်းထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“မိုးကလည်း ရွာတယ်။အိမ်လည်းမရှိတော့ဘူးဗျ။တော်တော်ကိုစာနာစိတ်ကင်းမဲ့တဲ့ စစ်တပ်ပါဗျာ။မဲမဲမြင်ရာအကုန်မီးတိုက်တာ” ဟုထွက်ပြေးတိမ်းရှောင်နေရသည့်သာဂရရွာသားတစ်ဦးကပြောသည်။

နွေဦးတော်လှန်ရေးအတွက်လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍လက်ရှိကာလအထိခင်ဦးနယ်တွင်ကျေးရွာပေါင်း ၃ဝ ကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင်နေအိမ်ပေါင်း၁၃၀၀ကျော်ကိုအကြမ်းထက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက မေ ၃၀ရက်အထိ စာရင်းကိုထုတ်ပြန်ထားသည်။

ထိုအပြင်မေ ၃၀ ရက်နောက်ပိုင်းထပ်မံမီးရှို့ဖျက်ဆီးခံရသောရွာငါးရွာထက်မနည်းရှိနေကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook