Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်အတည်ပြုတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်မှာ ပါဝင်သူတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ CRPH သတိပေး

ပြည်သူတွေ လုံးဝလက်မခံဆန့်ကျင်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေမဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းမှု ၊သတ်ဖြတ်မှု ၊ စစ်ဆေးစီရင်မှုနဲ့ သေဒဏ်အပြစ်ပေးမှုတွေအားလုံးကို CRPHက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချထားပါတယ်။

CRPH
CRPH

ကိုဂျင်မီ၊ကိုဇေယျာသော်အပါအဝင် ၄ ဦးအပေါ် စစ်ကောင်စီရဲ့ သေဒဏ်အမိန့်ချတဲ့ လုပ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ပြည်သူတွေ လုံးဝလက်မခံဆန့်ကျင်နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေမဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းမှု ၊သတ်ဖြတ်မှု ၊ စစ်ဆေးစီရင်မှုနဲ့ သေဒဏ်အပြစ်ပေးမှုတွေအားလုံးကို CRPHက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချထားပါတယ်။

ဒီလုပ်ရပ်တွေမှာ နည်းလမ်းမျိုးစုံနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေသူအားလုံးဟာ ရာဇဝတ်မှုမြောက်တဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ရပ်ဖြစ်လို့ တရားဥပဒေအရ အရေးယူအပြစ်ပေးတာကိုခံရမယ်လို့ CRPH က သတိပေးထားပါတယ်။

အပြစ်ပေးအရေးယူနိုင်ဖို့ကိုတော့ CRPH အနေနဲ့ ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုတွေ ၊နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီဟာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်တို့အပါအဝင် ၄ ဦး ကို ကွပ်မျက်ဖို့ စစ်ခုံရုံးက ချမှတ်ထားတဲ့သေဒဏ်ကိုအတည်ပြုခဲ့ပါတယ်။

ဒီလုပ်ရပ်အပေါ် အမေရိကန်အပါအဝင်နိုင်ငံတကာက ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။