Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် ပြည်ခိုင်ဖြိုးပါတီအမာခံနှင့် ရဲတစ်ဦး၏ ​နေအိမ်ကိုပါ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

လျော်ဖြူကုန်းရွာသည် အိမ်ခြေ ၂၅၀ ကျော်ရှိပြီး ​နေအိမ် ၁၄၀ ကျော်ခန့်အထိ စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

(လျှော်ဖြူကုန်းရွာအား စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး​နေစဥ်)
(လျှော်ဖြူကုန်းရွာအား စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး​နေစဥ်)

▪️စစ်ကောင်စီလုပ်ရပ်များ ရပ်တန့်နိုင်ရန် လက်နက်လိုအပ်နေဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြော

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ ကျေးရွာသုံးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ ပြည်ခိုင်ဖြိုးပါတီအမာခံအချို့နှင့် ရဲတစ်ဦး၏ ​နေအိမ်အပါအဝင် နေအ်ိမ်ပေါင်း ၁၈၀ ကျော်ကို မီးလောင်ကျွမ်းသွားသည်ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်သည်။

ကန့်ဘလူမြို့နယ် လျော်ဖြူကုန်း၊ နှောကုန်းနှင့် ကျွန်းကုန်းရွာမှ နေအိမ်များကို ဇွန်လ ၆ရက်တွင် စစ်ကောင်စီအင်အား ၈၀ခန့်က စစ်ကြောင်းထိုး မီးရှိူ့ဖျက်ဆီးခြင်းဖြစ်သည်။

လျော်ဖြူကုန်းရွာမှ နေအိမ် ၁၄၀ ကျော်၊နှောကုန်းရွာမှနေအိမ် ၄၀ ကျော်နှင့် ကျွန်းကုန်းရွာမှ နေအိမ်တစ်အိမ်မီးလောင်ကျွမ်းသွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘ​နေအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“စစ်ခွေးများက လျော်ဖြူကုန်းရွာကို တောင်ဘက်မှစ၍ မလောင်မချင်းတစ်အိမ်ချင်းလိုက်လံမီးရှို့ခဲ့ပါသည်” ဟု ဇွန်လ ၆ရက် အခြေအနေကို ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လျော်ဖြူကုန်းရွာသည် အိမ်ခြေ ၂၅၀ ကျော်ရှိပြီး ​နေအိမ် ၁၄၀ ကျော်ခန့်အထိ စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ကန့်ဘလူမြို့နယ်အတွင်း ကိုးတောင်ဘို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ဇွန်လ ၂ရက်ကတည်းက စစ်ကြောင်းထိုးမွှေနှောက်နေခြင်းဖြစ်သည်။

ယင်းနေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကိုင်းမရွာမှ သားအဖသုံးဦးသေဆုံးခဲ့သည်။ဇွန်လ ၃ရက် နေ့လယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၁၀၀ခန့်ကို ရဟတ်ယာဥ်ဖြင့် ထပ်မံပို့ဆောင်ခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး ကိုင်းမ၊ နှောကုန်း၊ လျှော်ဖြူကုန်းနှင့် ကျွန်းကုန်းရွာတို့ကို နေ့စဥ်နှင့်အမျှ လိုက်လံမီးရှို့နေခြင်း ဖြစ်သည်။

လက်နက်အားကိုးဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်ကို ” ခွေးသူခိုးမီးရှို့တပ်မတော်ကြီး “ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သုံးနှုန်းကာ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကို တုန့်ပြန်တိုက်ခိုက်ရန်အတွက် လူထု၏ ကူညီထောက်ပံ့မှုကို ရယူလိုသည်ဟု ပြည်သူ့ကာကွယ် ရေး ရဲဘော်တစ်ဦးက ပြောသည်။

ကိုးတောင်ဘို့ရွာနှင့် အနီးဝန်းကျင်ရွာများ၏ လတ်တ လော အခက်အခဲနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ လက်နက်လိုအပ်ချက်ကို ပံ့ပိုးကူညီလိုပါက ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/Kotaungbo-Revolution-KTB-R-11…/သို့ ဆက်သွယ်နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။