Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာမြေစာရင်းရုံး ဗုံးနှင့်အပစ်ခံရ ဒုဦးစီးအပါဝင် ငါးဦးဒဏ်ရာပြင်းထန်ဟုထုတ်ပြန်

“တရာမဝင်အစိုးရဖြစ်တဲ့ စစ်ကောင်စီကိုအကျိုးပြုပြီး ပြည်သူတေအပေါ် မတရား တာလုပ်တဲ့ ထောက်တိုင်မှန်သမျှ ကျွန်တော်တို့တတ်နိုင်သမျှ ဖြိုဖျက်တိုက်ခိုက်သွားမှာပါ”ဟု The Value of Young Men အဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

(တောင်သာမြို့လယ်တစ်နေရာအားတွေ့ရစဥ်။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊တောင်သာမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီ၏အလိုကျဆောင်ရွက်နေသည့်မြေစာရင်းရုံးအားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုဦးစီးမှူးအပါဝင်၅ဦးအပြင်းအထန်ထိခိုက်ခဲ့ကြောင်း Seven People Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့( ဇွန်လ ၉ရက်နေ့)နံနက်၁၁နာရီဝန်းကျင်ကတောင်သာမြို့နယ် မြေစာရင်းရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးထိခိုက်သူငါးဦးအနက်ဒုဦးစီးမှုးမှာအသက်အန္တရာယ်ပါ ထိခိုက်နိုင်ကြောင်းSPDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ဘက်မရပ်တည်ဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ အိမ်ယာမြေ၊ စိုက်ပျိုးမြေ ၊ချောင်းစံကွက် အစရှိသည့် မြေများ၏ လုပ်ပိုင်ခွင့် မှန်သမျှအား အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူ့ထံမှ ကိုယ်ကျိုးအတွက်ခေါင်းပုံဖြတ်နေ၍ ထိုမြေစာရင်းရုံးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုအဖွဲ့က အသိပေးသည်။

Public Service Announcement

“တရာမဝင်အစိုးရဖြစ်တဲ့ စစ်ကောင်စီကိုအကျိုးပြုပြီး ပြည်သူတေအပေါ် မတရား တာလုပ်တဲ့ ထောက်တိုင်မှန်သမျှ ကျွန်တော်တို့တတ်နိုင်သမျှ ဖြိုဖျက်တိုက်ခိုက်သွားမှာပါ”ဟု The Value of Young Men အဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအား ညီနောင်မဟာမိတ် ၄ဖွဲ့ ဖြစ်​သော The Value of Young Men၊Seven PeopleDefense Force၊ TTA-​ပြောက်ကျားတပ်ဖွဲ့နှင့်Myingyan 35 တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့ကအသိပေးသည်။

အထက်ပါဖြစ်စဥ်ကဲ့သို့ ပြည်သူ့ဘက်မရပ်တည် CDM မလုပ်သူ၊ ကိုယ်ကျိုးဦးစားပေးသူ၊ ကြမ်းဖက်စစ်ကောင်စီအလိုကျ နေထိုင်သူအပေါင်းကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု မဟာမိတ်အဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရားရုံးအခန်းရှေ့မျက်နှာစာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင် တရားသူကြီးအမျိုးသမီး၏ မျက်စိထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုအောင် ပြောသည်။

သတင်း

တိုက်ခိုက်ခံရသော​တိုးဂိတ်သည် မြင်းခြံမြို့အထွက် နန်းမြင့်တောင်အနီး တိုးဂိတ်ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုသည်။

သတင်း

တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် ၊အင်ကျင်းသာရွာမှ စစ်မှူထမ်းဟောင်းစစ်ထောက်လှမ်းရေးလှမိုးသည် ဇွန်လ ၄ရက် ညနေတွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ပိုက်လိုင်းတလျှောက်တွင်စစ်ကောင်စီတပ်ကမိုင်းမျာထောင်ထားသည်ဟုသိရသည်။ထိုမိုင်းများပေါက်ကွဲမှုကြောင့်​ဒေသခံပြည်သူနှင့်တိရိစ္ဆာန်ထိခိုက်မှု မကြာခဏရှိနေသည်ဟု ဒေသခံများကပြောသည်။