Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြေစာရင်းရုံး ဗုံးနှင့်အပစ်ခံရ ဒုဦးစီးအပါဝင် ငါးဦးဒဏ်ရာပြင်းထန်ဟုထုတ်ပြန်

“တရာမဝင်အစိုးရဖြစ်တဲ့ စစ်ကောင်စီကိုအကျိုးပြုပြီး ပြည်သူတေအပေါ် မတရား တာလုပ်တဲ့ ထောက်တိုင်မှန်သမျှ ကျွန်တော်တို့တတ်နိုင်သမျှ ဖြိုဖျက်တိုက်ခိုက်သွားမှာပါ”ဟု The Value of Young Men အဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

(တောင်သာမြို့လယ်တစ်နေရာအားတွေ့ရစဥ်။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊တောင်သာမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီ၏အလိုကျဆောင်ရွက်နေသည့်မြေစာရင်းရုံးအားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုဦးစီးမှူးအပါဝင်၅ဦးအပြင်းအထန်ထိခိုက်ခဲ့ကြောင်း Seven People Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့( ဇွန်လ ၉ရက်နေ့)နံနက်၁၁နာရီဝန်းကျင်ကတောင်သာမြို့နယ် မြေစာရင်းရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးထိခိုက်သူငါးဦးအနက်ဒုဦးစီးမှုးမှာအသက်အန္တရာယ်ပါ ထိခိုက်နိုင်ကြောင်းSPDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ဘက်မရပ်တည်ဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ အိမ်ယာမြေ၊ စိုက်ပျိုးမြေ ၊ချောင်းစံကွက် အစရှိသည့် မြေများ၏ လုပ်ပိုင်ခွင့် မှန်သမျှအား အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူ့ထံမှ ကိုယ်ကျိုးအတွက်ခေါင်းပုံဖြတ်နေ၍ ထိုမြေစာရင်းရုံးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုအဖွဲ့က အသိပေးသည်။

Public Service Announcement

“တရာမဝင်အစိုးရဖြစ်တဲ့ စစ်ကောင်စီကိုအကျိုးပြုပြီး ပြည်သူတေအပေါ် မတရား တာလုပ်တဲ့ ထောက်တိုင်မှန်သမျှ ကျွန်တော်တို့တတ်နိုင်သမျှ ဖြိုဖျက်တိုက်ခိုက်သွားမှာပါ”ဟု The Value of Young Men အဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအား ညီနောင်မဟာမိတ် ၄ဖွဲ့ ဖြစ်​သော The Value of Young Men၊Seven PeopleDefense Force၊ TTA-​ပြောက်ကျားတပ်ဖွဲ့နှင့်Myingyan 35 တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့ကအသိပေးသည်။

အထက်ပါဖြစ်စဥ်ကဲ့သို့ ပြည်သူ့ဘက်မရပ်တည် CDM မလုပ်သူ၊ ကိုယ်ကျိုးဦးစားပေးသူ၊ ကြမ်းဖက်စစ်ကောင်စီအလိုကျ နေထိုင်သူအပေါင်းကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု မဟာမိတ်အဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။