Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု DPNS ကြေညာ

စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟု DPNS က ရှုမြင်သည်။

DPNS
DPNS

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟု DPNS က ရှုမြင်သည်။

“မိမိတို့အင်အားစုများအနေဖြင့် တရားမဝင် အာဏာ သိမ်းထားသည့် စစ်ကောင်စီကို အသိအမှတ်မပြုရုံမက ၎င်းတို့ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းက ကမကထပြု၍ ပြုလုပ်ပေးမည့်ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ်ပြုမည်မဟုတ်ချေ”ဟု DPNS က ထုတ်ပြန်သည်။

၂၀၀၈ အခြေခံဥပဒေအပြီးအပိုင်ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး စသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ဆန့်ကျင် ဖျက်ဆီးရန်၊ အင်အားစုအသီးသီးကြား အတွေးအကြံများ ရှုပ်ထွေးသွားစေရန်၊ အင်အားစုအသီးသီးကြား သွေးစည်းညီညွတ်ရေး လျော့လျဲသွားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကို စီစဉ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ စစ်ကောင်စီရင်ဆိုင်နေရသည့် အကြပ်အတည်းပေါင်းစုံမှ ရုန်းထွက်ရန် ၂၀၂၃ တွင် ရွေးကောက်ပွဲကို ရည်ရွယ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ရှင်းလင်းပြတ်သားစွာ သုံးသပ်ရှုမြင်သည်။

အကြမ်းဖက်စစ်အုပ်စုက နွေဦးတော်လှန်ရေးနှင့် လူမျိုးစုံလူထုကြီးကို လှည့်စား၍ ဖိနှိပ်ချေမှုန်းရန် ကြံစည်နေမှုများအား ဘက်ပေါင်းစုံမှ ဖွင့်ချဖော်ထုတ်မည်ဟု DPNS က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်