Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု DPNS ကြေညာ

စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟု DPNS က ရှုမြင်သည်။

DPNS
DPNS

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟု DPNS က ရှုမြင်သည်။

“မိမိတို့အင်အားစုများအနေဖြင့် တရားမဝင် အာဏာ သိမ်းထားသည့် စစ်ကောင်စီကို အသိအမှတ်မပြုရုံမက ၎င်းတို့ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းက ကမကထပြု၍ ပြုလုပ်ပေးမည့်ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ်ပြုမည်မဟုတ်ချေ”ဟု DPNS က ထုတ်ပြန်သည်။

၂၀၀၈ အခြေခံဥပဒေအပြီးအပိုင်ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး စသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ဆန့်ကျင် ဖျက်ဆီးရန်၊ အင်အားစုအသီးသီးကြား အတွေးအကြံများ ရှုပ်ထွေးသွားစေရန်၊ အင်အားစုအသီးသီးကြား သွေးစည်းညီညွတ်ရေး လျော့လျဲသွားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကို စီစဉ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ စစ်ကောင်စီရင်ဆိုင်နေရသည့် အကြပ်အတည်းပေါင်းစုံမှ ရုန်းထွက်ရန် ၂၀၂၃ တွင် ရွေးကောက်ပွဲကို ရည်ရွယ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ရှင်းလင်းပြတ်သားစွာ သုံးသပ်ရှုမြင်သည်။

အကြမ်းဖက်စစ်အုပ်စုက နွေဦးတော်လှန်ရေးနှင့် လူမျိုးစုံလူထုကြီးကို လှည့်စား၍ ဖိနှိပ်ချေမှုန်းရန် ကြံစည်နေမှုများအား ဘက်ပေါင်းစုံမှ ဖွင့်ချဖော်ထုတ်မည်ဟု DPNS က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။