Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်း​ဒေသသို့လာ​သောစစ်​ကောင်စီတပ်ကိုPDFများပူး​ပေါင်းတိုက်ခိုက်စစ်သား၁၃ ဦး​သေဟုထုတ်ပြန်

ဇွန်လ ၇ ရက်နေ့ကမြောင်မြို့နယ်၊ ရေလယ်ကျွန်းဒေသအား အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်အား ရေစကြိုမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးသို့ အရောက်တွင် မဟာမိတ်အဖွဲ့များက ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တိုက်ပွဲတစ်ခုတွင် 27 Revolution Force တပ်ဖွဲ့ဝင်တစ်ဦးတိုက်ခိုက်​နေစဥ်)
(တိုက်ပွဲတစ်ခုတွင် 27 Revolution Force တပ်ဖွဲ့ဝင်တစ်ဦးတိုက်ခိုက်​နေစဥ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ရေလယ်ကျွန်းဒေသသို့စစ်ကြောင်းထိုးလာသည့်စစ်​ကောင်စီတပ်အားဒေသတွင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း27 Revolution Forceအဖွဲ့ကသတင်းထုတ်ပြန်သည်။

ဇွန်လ ၇ ရက်နေ့ကမြောင်မြို့နယ်၊ ရေလယ်ကျွန်းဒေသအား အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်အား ရေစကြိုမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးသို့ အရောက်တွင် မဟာမိတ်အဖွဲ့များက ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ အများအပြားရှိကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။စစ်​ကောင်စီတပ်​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

အဆိုပါတိုက်ပွဲအား မဟာမိတ်အဖွဲ့များဖြစ်သော မြင်းခြံခရိုင်တပ်ရင်း အမှတ်၁ 27 Revolution Force၊ Burmese Guerrilla Force၊ 11 Brother Revolution Force၊ မြင်းခြဲခရိုင်တပ်ရင်း ၃ မြေလတ် PDF အဖွဲ့၊ TTA ပြောက်ကျားတပ်၊ Seven People Defense Force၊ မြောင်မြို့နယ် ကျေးရွာတပ်ပေါင်းစု၊ Thwaythauk Revolution Force၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း 27 Revolution Forceက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ချင်းတွင်းနှင့် ဧရာဝတီမြစ်ဆုံရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းရှိ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ