Connect with us

Hi, what are you looking for?

သတင်း

ဆွမ်ပရာဘွမ်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KIA ထပ်မံတိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟုဆို

“အရင်တုန်းကတော့ မပါဘူး။ ဒီတစ်ခေါက် ပထမဆုံး ပေါ့ စစ်တပ်တွေ ရဲ့လက်ကိုင်တုတ်ဖြစ်တဲ့အခါကျတော့လိုသလို သုံးတာပေါ့။ အချင်းချင်း ကချင်လူမျိုးစု ပဲ သေအောင်တမင်ဖန်တီးပြီး ကိုယ့်တိုင်းရင်းသားအချင်း ချင်းတိုက်ကြအောင် ပုံဖော်တဲ့အနေအထား”ဟု ကချင်ဒေသခံက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)

ကချင်ပြည်နယ် ဆွမ်ဘရာဘွမ်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နံနက်တွင် ထပ်မံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ ကချင်တိုင်းရင်းသား အခေါ်ကတော့ ခဂရန်းယာန်လို့ခေါ်တာပေါ့။ ခဂရန်းယာန်ကနေ မြစ်ကြီးနားဘက်ကို ဆင်းသွားတဲ့ ယာဉ်တန်းတွေ လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်တာ အဲဒီလောက်ပဲ သိရပါတယ်”ဟု KIA သတင်းနဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ဒေသခံတစ်ဦးက တိုက်ပွဲဖြစ်ပွားရာ ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယာန်ဒေသသည် KIA တပ်မဟာ(၁) ၊ တပ်ရင်း(၁၀)၏ နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို ယနေ့ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ပူတာအိုသို့ ရိက္ခာပို့ပြီးပြန်လာသည့် ယာဉ်တန်းဖြစ်ပြီး မြစ်ကြီးနားသို့ အပြန်ခရီးတွင် KIAက အကြိမ်ကြိမ် တိုက်ခိုက်နေ၍ လမ်းခရီးမှာ ကြန့်ကြာနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“မပြန်ရဲတဲ့ အနေအထား၊ဒါပေမဲ့လည်း မပြန်လို့လည်း မရ အဲဒီလိုမျိုး ဖြစ်တဲ့အနေအထားဖြစ်တဲ့အခါကျတော့ သူတို့ စစ်ယာဉ်တန်း ပူတာအိုတက်တဲ့ဟာက တစ်လလောက်ရှိပြီ။ ဒီအတိုင်းသွားရင်ဆို အသွားအပြန်ဆို ၂ရက်ခရီးနဲ့ အသွားအပြန် သွားလို့ရတဲ့ လမ်းကြောင်း ဒါပေမဲ့လည်း အခုသူတို့ တစ်လကျော်လောက်ရှိပြီ ကြန့်ကြာအောင်သွားနေရတဲ့ အနေအထားပေါ့။ KIA ဘက်ကလည်း သူတို့ကို အဆင်သင့်အနေအထား စောင့်ကြိုပြီး တော့လုပ်တဲ့အခါကျတော့ ဘယ်လိုပဲရှောင်ရှာင် ရှောင်လွှဲလို့မရတဲ့အနေအထားဖြစ်တာပေါ့”ဟု ဒေသခံက ပြောသည်။

ယခု ယာဉ်တန်းတွင် စစ်ကောင်စီတပ်နှင့်အတူ ဦးရွှေမင်း ၏ ဒူးလေးပါတီပြည်သူ့စစ်များ ပါဝင်လာကြောင်း ၎င်း က ဆိုသည်။

“အရင်တုန်းကတော့ မပါဘူး။ ဒီတစ်ခေါက် ပထမဆုံး ပေါ့ စစ်တပ်တွေ ရဲ့လက်ကိုင်တုတ်ဖြစ်တဲ့အခါကျတော့လိုသလို သုံးတာပေါ့။ အချင်းချင်း ကချင်လူမျိုးစု ပဲ သေအောင်တမင်ဖန်တီးပြီး ကိုယ့်တိုင်းရင်းသားအချင်း ချင်းတိုက်ကြအောင် ပုံဖော်တဲ့အနေအထား”ဟု ကချင်ဒေသခံက ပြောသည်။

ယနေ့ နံနက်က ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်က ၁၀ဦးထက်မနည်း သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကချင်ဒေသအခြေစိုက်သတင်းဌာန The 74 Mediaက ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။