Connect with us

Hi, what are you looking for?

သတင်း

မန္တလေး-ဗန်းမော် ဗျူဟာလမ်းတွင် စစ်ကောင် စီတပ်မှ ဒုရဲအုပ်တစ်ဦးကို ဖမ်းဆီးရမိ

ဇွန် ၁၀ ရက်ကလည်း ထီးချိုင့်နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် တပ်မ(၈၈)လက်အောက်ခံ ခလရ (၈၃)မှ စစ်ကောင်စီတပ်သားနှစ်ဦးကို Eagles Army-HPDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ပို့ဆောင်ခဲ့သည်။

(ဖမ်းဆီးရမိ​ခဲ့​သော ဒုရဲအုပ်သန်းဝင်း​အောင်။ ဓါတ်ပုံ-EA-HPDF)
(ဖမ်းဆီးရမိ​ခဲ့​သော ဒုရဲအုပ်သန်းဝင်း​အောင်။ ဓါတ်ပုံ-EA-HPDF)

ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Eagles Army-HPDF က ယနေ့(ဇွန် ၁၃)အသိပေးထုတ် ပြန်သည်။

ဖမ်းဆီးရမိသော ရဲဝန်ထမ်းမှာ ဒုရဲအုပ်သန်းဝင်းအောင်(ကိုယ်ပိုင်အမှတ် လ/၁၉၆၄၃၃)ဆိုသူဖြစ်ပြီး သတင်းအရ ဇွန် ၁၁ ရက်ကစောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(ဖမ်းဆီးရမိ​ခဲ့​သော ဒုရဲအုပ်သန်းဝင်း​အောင်။ ဓါတ်ပုံ-EA-HPDF)
(ဖမ်းဆီးရမိ​ခဲ့​သော ဒုရဲအုပ်သန်းဝင်း​အောင်။ ဓါတ်ပုံ-EA-HPDF)

“ကျွန်တော်တို့က မန္တလေး-ဗန်းမော်ဗျူဟာလမ်းမှာပုံမှန်နယ်မြေရှင်းလင်းရေးလုပ်တာရှိတယ်။ သတင်းရရင်ရသလို စကစတွေကို စောင့်ဖမ်းတာလည်း ရှိတယ်။ဒီရက်ပိုင်း ဖမ်းဆီးမိတဲ့ဖြစ်စဥ်တွေက သတင်းကြိုရလို့ စောင့်ပြီးဖမ်းခဲ့တာ “ဟု Eagles Army-HPDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဒုရဲအုပ်သန်းဝင်းအောင်သည် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ပုလိပ်တပ်ရင်း (၁၄)မှဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ပြီးပါကNUG ၊ကာကွယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်အတိုင်းပြည်သူ့ရင်ခွင်သို့ချိတ်ဆက်ပို့ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ဇွန် ၁၀ ရက်ကလည်း ထီးချိုင့်နယ် မန္တလေး-ဗန်းမော်ဗျူဟာလမ်းတစ်နေရာတွင် တပ်မ(၈၈)လက်အောက်ခံ ခလရ (၈၃)မှ စစ်ကောင်စီတပ်သားနှစ်ဦးကို Eagles Army-HPDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ရင်ခွင်သို့ပို့ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်