Connect with us

Hi, what are you looking for?

သတင်း

ဘာသာရေးအဆောက်အဦး၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို အထူးလေးစားဖို့ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ထပ်မံတောင်းဆို

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်(CBCM)ဟာ နိုင်ငံတော်အတွင်းဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေကြောင့် အင်မတံဝမ်းနည်းကြေကွဲရပြီး လူဦးရေထောင်ချီရွှေ့ပြောင်းနေကြခဲ့ရာ သန်းနဲ့ချီလည်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TBC နှစ်ခြင်းဘုရား​ကျောင်း
TBC နှစ်ခြင်းဘုရား​ကျောင်း

ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သန့်ရှင်းမြင့်မြတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို တာဝန်ရှိသူတွေအားလုံး အထူးလေးစားဖို့ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်(CBCM)က ထပ်မံတောင်းဆိုလိုက်ကြောင်း ဇွန် ၁၁ ရက် ရက်စွဲနဲ့ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်(CBCM)ဟာ နိုင်ငံတော်အတွင်းဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေကြောင့် အင်မတံဝမ်းနည်းကြေကွဲရပြီး လူဦးရေထောင်ချီရွှေ့ပြောင်းနေကြခဲ့ရာ သန်းနဲ့ချီလည်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူမျိုးဘာသာမရွေး ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေရှိ အပြစ်မဲ့ပြည်သူတွေ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အို မသန်စွမ်း ကလေးငယ် အမျိုးသမီးနဲ့ မကျန်းမာသူတွေရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံမှုအတွက် CBCM အနေနဲ့ များစွာစိုးရိမ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လူ့အသက်ကို တန်ဖိုးထားဖို့ နဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် အခြေခံလိုအပ်တဲ့ လူသားချင်းစာနာမှုအထောက်အကူပြုပစ္စည်းတွေကို ပို့ဆောင်ထောက်ပံ့နိုင်ဖို့အတွက် တာဝန်ရှိသူတွေအားလုံးက စီစဉ်ဆောင်ရွက်ပေးဖို့ အလေးအနက်ထားတောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

Public Service Announcement

Public Service Announcement

“လူ့ဂုဏ်သိက္ခာနှင့် အသက်ရှင်သန်မှု အခွင့်အရေးတို့သည် ဘယ်သောအခါမှ မည်သည့်အရာနှင့်မျှ လဲလှယ်လို့မရပါ” လို့ CBCM က ဆိုထားပါတယ်။

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အနေနဲ့ ကက်သလစ်သာသနာတော်ရဲ့ လူမှုရေးဆိုင်ရာ သွန်သင်ချက်တွေနဲ့အညီ ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်သာသနာတော်ကြီးနဲ့သာမက ကူညီလှူဒါန်းပေးလိုတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက်မိတ်ဖွဲ့ပြီး လက်ရှိကြုံတွေ့နေရတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ၊ ဒုက္ခအခက်အခဲတွေအပေါ် ကျောသားရင်သားမခွဲခြားပဲ တတ်အားသရွေ့ ကူညီသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် ထန်တလန်မြို့မှာ နှစ်ပေါင်း(၆၀)ကျော်သက်တမ်းရှိတဲ့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သလို ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုခရစ်ယာန်ဘုရားကျောင်းနဲ့ အသင်းတော်အိမ်ကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

Facebook