Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မှပြန်ဆုတ်လာ​သောစစ်တပ် ​ဆော-​ကျောက်ထုလမ်းပိုင်းတွင်PDFကတိုက် ၂ ဦး​သေ ၁၀ ဦးဒဏ်ရာရ

၄၅မိနစ်ခန့်ကြာ​သောတိုက်ပွဲတွင် PDF(​ဆော) တပ်ရင်း ၂ (YRPA)၏ စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်တပ်သား နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(​ဆောမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ဆောPDF)
(​ဆောမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ဆောPDF)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တိုက်ပွဲများတွင် အထိနာခဲ့ပြီး ပြန်ဆုတ်လာ​သောစစ်ကောင်စီတပ်ကိုမ​ကွေးတိုင်းအ​ရောက်၌ PDFနှစ်ဖွဲ့ ဆီးကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၁၀ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF(​ဆော)က ယနေ့သတင်းထုတ်
ပြန်သည်။

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် ၃၀ ​ကျော်​သေဆုံးဒဏ်ရာရခဲ့​သောစစ်ကောင်စီတပ်စစ်​ကြောင်းသည်အင်အား၁၅၀ခန့်ဖြင့်ကန်ပက်လက်မှ ပြန်ဆုတ်လာရာ မ​ကွေးတိုင်း ဆော-​ကျောက်ထုလမ်းပိုင်းရှိ ပိန်းချောင်းတံတားအနီးအ​​ရောက်တွင် PDF(​ဆော) နှင့် The Youth Fouth (​ဆောနှင့်ကျောက်ထု)တပ်တို့က ယနေ့ ညနေ ၄နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၄၅မိနစ်ခန့်ကြာ​သောတိုက်ပွဲတွင် PDF(​ဆော) တပ်ရင်း ၂ (YRPA)၏ စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်တပ်သား နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုအပြင် PDF(​ဆော)၏ လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှာ လက်နက်ကြီးပြောင်းကွဲမှုများရှိသော်လည်း အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

ထို့အပြင်တော်လှန်ရေးအတွက်လက်နက်ခဲယမ်းမပြည့်စုံသေး၍ ဝန်းရံအားဖြည့် ကူညီပေးပါရန်လည်း PDF (​ဆော)ကပြည်သူလူထုကို​မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook