Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်မှပြန်ဆုတ်လာ​သောစစ်တပ် ​ဆော-​ကျောက်ထုလမ်းပိုင်းတွင်PDFကတိုက် ၂ ဦး​သေ ၁၀ ဦးဒဏ်ရာရ

၄၅မိနစ်ခန့်ကြာ​သောတိုက်ပွဲတွင် PDF(​ဆော) တပ်ရင်း ၂ (YRPA)၏ စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်တပ်သား နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(​ဆောမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ဆောPDF)
(​ဆောမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ဆောPDF)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တိုက်ပွဲများတွင် အထိနာခဲ့ပြီး ပြန်ဆုတ်လာ​သောစစ်ကောင်စီတပ်ကိုမ​ကွေးတိုင်းအ​ရောက်၌ PDFနှစ်ဖွဲ့ ဆီးကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၁၀ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF(​ဆော)က ယနေ့သတင်းထုတ်
ပြန်သည်။

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် ၃၀ ​ကျော်​သေဆုံးဒဏ်ရာရခဲ့​သောစစ်ကောင်စီတပ်စစ်​ကြောင်းသည်အင်အား၁၅၀ခန့်ဖြင့်ကန်ပက်လက်မှ ပြန်ဆုတ်လာရာ မ​ကွေးတိုင်း ဆော-​ကျောက်ထုလမ်းပိုင်းရှိ ပိန်းချောင်းတံတားအနီးအ​​ရောက်တွင် PDF(​ဆော) နှင့် The Youth Fouth (​ဆောနှင့်ကျောက်ထု)တပ်တို့က ယနေ့ ညနေ ၄နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၄၅မိနစ်ခန့်ကြာ​သောတိုက်ပွဲတွင် PDF(​ဆော) တပ်ရင်း ၂ (YRPA)၏ စနိုက်ပါ ပစ်ခတ်မှုကြောင့် စစ်ကောင်တပ်သား နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုအပြင် PDF(​ဆော)၏ လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှာ လက်နက်ကြီးပြောင်းကွဲမှုများရှိသော်လည်း အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

ထို့အပြင်တော်လှန်ရေးအတွက်လက်နက်ခဲယမ်းမပြည့်စုံသေး၍ ဝန်းရံအားဖြည့် ကူညီပေးပါရန်လည်း PDF (​ဆော)ကပြည်သူလူထုကို​မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။