Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူ မဲဇလီတံတားတိုက်ပွဲ ကျဆုံးခဲ့သည့် ရဲဘော်များ သရက်-ကံမ PDF တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အသိပေး၊ တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှလည်းသေဆုံးမှုရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ပွင့်ဖြူ မဲဇလီတံတားတိုက်ပွဲ
ပွင့်ဖြူ မဲဇလီတံတားတိုက်ပွဲ

▪️ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ရန် မိတ်ဘက် PDF တပ်များကူညီပေးခဲ့၊ ကျဆုံးရဲဘော်များအပေါ် သစ္စာစောင့်သိပြီး ဆက်လက်တော်လှန်တိုက်ပွဲဝင်မည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်၌ ယနေ့နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များမှာ သရက်-ကံမ PDF ရဲဘော်များဖြစ်ကြောင်း သရက် PDFက ယနေ့ ညပိုင်း၌ အသိပေးခဲ့သည်။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်လုံး ထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့ပြီး သရက်-ကံမ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ကျဆုံးမှု ရှိခဲ့ကာ တိုက်ပွဲဝင် ရဲဘော်များ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ရန်အတွက် မိတ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ကူညီမှုများစွာဖြင့် အလျင်အမြန် အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

တန်ဖိုးကြီးမားလှသည့် တော်လှန်ရေး ခရီးကြမ်းကြီးတွင် ပြည်သူတရပ်လုံးအတွက် တာဝန်ကျေပွန်သည်ထက် ပိုလွန်သောပေးဆပ်စွန့်လွှတ်ခဲ့သည့် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အာဇာနည် ရဲဘော်ရဲဘက် သူရဲကောင်းတို့၏ သွေးဖြင့် ရေးထိုးခဲ့သော ဂုဏ်ဒြပ်ထု သစ္စာတရားတို့ကို မိမိတို့ ရဲဘော်ရဲဘက်ညီအစ်ကို မောင်နှမများက မဖောက်ပြန်သော သစ္စာစောင့်သိမှုများဖြင့် ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သစ္စာကတိပြုသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် PDF ရဲဘော် အရေ အတွက်နှင့်လွတ်မြောက်ခဲ့သည့် ရဲဘော်များ၏ အခြေအနေများကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

ပွင့်ဖြူ PDF နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ယနေ့ မဲဇလီတံတား တိုက်ပွဲတွင် PDF ရဲဘော် ၁၂ဦး ကျဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦး အရှင်ဖမ်းဆီးခံရကြောင်း၊ ရဲဘော် ၁၄ဦး လွတ်မြောက်ပြီး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်သည်ဟုဆိုသည်။ PDF ရဲဘော်များက သရက်မြို့နယ်သို့ လက်နက်ခဲယမ်းများ သယ်ဆောင်စဉ် သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်၏ ကြားဖြတ်တိုက်ခိုက်မှု ခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook