Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ် စံပြရွာအနီးတိုက်ပွဲ စစ်သား ၅ ဦး​သေဆုံး

လက်ရှိတွင် တမူးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ကလေး-တမူး -အောင်ဇေယျလမ်းပိုင်းများ အပါအဝင် လမ်းမကြီးများကို အရေးကြီးကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)
(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)

တမူးမြို့နယ်၊ ဆရာစံကျေးရွားအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ဇွန် ၂၅ ရက်က၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးခဲ့ကြောင်း PDF-CEUက ထုတ်ပြန်ထားသည်။

ဆရာစံကျေးရွာအနီးတွင် ယမန့်နေ့ (ဇွန် ၂၅ ရက်) နေ့လယ် ၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ကို ABSDF(အနောက်ပိုင်း)ကျောင်းသားတပ်မတော် ၊ People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် ပူးတပ်တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးကျဆုံးခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်သည်ဟု ​ဖော်ပြထားသည်။ စစ်​ကောင်စီတပ်​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)
(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)

လက်ရှိတွင် တမူးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ကလေး-တမူး -အောင်ဇေယျလမ်းပိုင်းများ အပါအဝင် လမ်းမကြီးများကို အရေးကြီးကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

“ပြိုင်ဘက်ဟာ သူရှုံးတော့မယ်မှန်း သိတဲ့အခါ လူမဆန်တဲ့ လုပ်ရပ်တွေ လုပ်လေ့ရှိတတ်ကြပါတယ်။ ပြိုင်ပွဲရဲ့ သဘောသဘာဝအရ “ရှုံးမဲ မဲတာပါ။” ဒါပေမဲ့ မကြာခင် မိဘပြည်သူများအားလုံး မျှော်လင့်တဲ့အတိုင်း အောင်ပွဲလာတော့မှာပါ။ မိဘပြည်သူများခင်ဗျာ ခဏတာ သည်းခံပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။”ဟု PDF(တမူး) တပ်ရင်း-၄ ပြန်ကြားရေးတာဝန်က မေတ္တာရပ်ခံထားသည်။

(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)
(People’s Defence Force-Combat Engineer Unit စစ်မြေပြင်အင်ဂျင်နီယာတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CEU)

စစ်ကောင်စီတပ်သည် တမူး​ဒေသတွင် အတွင်း လူမဆန်သည့် လုပ်ရပ်များကို အရှိန်မြင့်ပြုလုပ်​နေပြီး ​ဒေသခံပြည်သူများကိုလူသားဒိုင်းလုပ်ခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ်ရက်စက်ယုတ်မာခြင်း၊​နေအိမ်များမီးရှို့ခြင်း၊လူသားဒိုင်းပြုလုပ်ခြင်းစသည်တို့ကိုပိုမိုပြုလုပ် လာ​ကြောင်း PDF
(တမူး) တပ်ရင်း-၄ ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook