Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၁ ရွာက ကိုယ်ထူကိုယ်ထကျောင်းတွေ ပိတ်သိမ်း ရွှေ့ပြောင်းရ

ကေအဲန်ယူ-လယ်ဒိုမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ တို့အကြား ထိပ်တိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ(၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၁ ရွာက ကို်ယ်ထူကိုယ်ထကျောင်းတွေ ပိတ်သိမ်း ရွှေ့ပြောင်းရ
တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၁ ရွာက ကို်ယ်ထူကိုယ်ထကျောင်းတွေ ပိတ်သိမ်း ရွှေ့ပြောင်းရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာပေါင်း(၁၁)ရွာက ကိုယ်ထူကိုယ်ထပညာရေးကျောင်းတွေ ပိတ်သိမ်းပြီး ရွှေ့ပြောင်းခဲ့ရပါတယ်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ တို့အကြား ထိပ်တိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ(၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

ဒီလိုစစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံရွာသူရွာသားတွေ တည်ထောင်ထားတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေကို ပိတ်သိမ်းခဲ့ရပြီး စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ကျောင်းနေအရွယ် ကလေးသူငယ်တွေအတွက် ကြိုးစားတည်ထောင်ထားတဲ့ ပညာရေးလုပ်ငန်းတွေကို ရပ်တန့်စေတာဖြစ်ကာ လူ့အခွင့်အရေးကို ပီပီပြင်ပြင်ချိုးဖောက်နေတာဖြစ်တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေ့ပြောင်းတိမ်းရှောင်နေရတဲ့ ကျေးရွာတွေဖြစ်တဲ့ ကျွန်းကုန်း၊ ဝက်လာတော၊ အုတ်မြေဒူး၊ ကြိမ်တောမြောင်၊ ပတ္တလား၊ ပေါက်သတော၊ ထိုက်ထူ၊ စောမူသဲ၊ မမယမ်း၊ သောင်ပု၊ ကျွဲတလင်းစတဲ့ ကျေးရွာ(၁၁)ရွာက ကိုယ်ထူကိုယ်ထကျောင်း တည်ထောင်ထားတာဖြစ်ပြီး ကျောင်းသားဦးရေ စုစုပေါင်း(၄၇၆)ဦး ရှိတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ခလယ်လွီထူခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့၊ ကျောက်ကြီးမြို့နယ် ကရင်လူငယ်အစည်းအရုံးနဲ့ ကရင်အမျိုးသမီးအဖွဲ့အစည်း(လယ်ဒိုမြို့နယ်)အသီးသီးက သဘောထားကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်ရှုံ့ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။