Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးငယ်နဲ့ပစ်ခတ်၊ ရွာသားတွေကိုမောင်းထုတ်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ ထိတွေ တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင်း ကေအဲန်ယူ-မုန်းမြို့နယ်ထဲက ကျေးရွာ(၂)ရွာနဲ့ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာပေါင်း(၂၈)ရွာက ဒေသခံပြည်သူဦးရေ (၁၆၁၃၇)ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လက်နက်ကြီးငယ်နဲ့ပစ်ခတ်၊ ရွာသားတွေကိုမောင်းထုတ်
လက်နက်ကြီးငယ်နဲ့ပစ်ခတ်၊ ရွာသားတွေကိုမောင်းထုတ်

ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်၊ ဒေသခံတွေကို ရွာထဲက မောင်းထုတ်ခဲ့တာကြောင့် နယ်မြေခံ KNLA တပ်မဟာ ၃ နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန် ၂၈ ရက် မနက် ၇ နာရီအချိန်က ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ကျေးရွာနေပြည်သူလူထုတွေကို မောင်းထုတ်ခဲ့တာကြောင့် ဝဲလဗျင်းရွာအနီးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က သုံးဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီနေ့ မနက် ၈ နာရီအချိန်က စစ်ကောင်စီရဲ့ ခလရ(၆၀)တပ်ရင်းက ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်မှာ ဒရုန်းနဲ့လက်နက်ကြီးပစ်ချခဲ့လို့ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို စပ်လဲကျေးရွာအနီးရှိ ဒေသခံတစ်ဦးရဲ့တဲကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဒါ့အပြင် ဇွန် ၂၇ ရက်က စစ်ကောင်စီတပ်က မေတ္တာရပ်ကွက်နဲ့ သိမ်တန်းရပ်ကွက်ရှိ ပြည်သူလူထုတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ သတိပေးခဲ့ပြီး ဇွန် ၂၈ ရက်ကလည်း ရွာကန့်လန့်ကျေးရွာမှစခန်းချထားတဲ့ စစ်ကောင်စီတပ်က ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီးနဲ့ ရွှေ့သောင်းကျေးရွာတွေက ဒေသခံတွေကို ရွာထဲကနေထွက်ခွာဖို့ မောင်းထုတ်ခဲ့တယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီနေ့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းအချိန်မှာ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဇွန် ၂၇ ရက်ကနေ ၂၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ KNLA ဘက်ကတော့ ထိခိုက်သေဆုံးမှုမရှိဘူးလို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင်း ကေအဲန်ယူ-မုန်းမြို့နယ်ထဲက ကျေးရွာ(၂)ရွာနဲ့ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာပေါင်း(၂၈)ရွာက ဒေသခံပြည်သူဦးရေ (၁၆၁၃၇)ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။