Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတွင် တိုက်ပွဲထပ်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးနိုင်ဟု KNDF ထုတ်ပြန်

မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဆက်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ထိုးစစ်လာ၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် ကရင်နီအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ပူးပေါင်း၍ ခုခံတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း KNDFက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၈ရက်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ဘီသူ(အထက်)နှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခို ကျေးရွာအကြားတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ မနက် ၆နာရီခွဲမှစ၍ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဆက်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း KA/KNDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုမရှိကြောင်း KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လွိုင်ကော်၊ ဖရူဆိုမြို့နယ်များ၌ အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ယခု ဩဂုတ် ၁ရက်ကလည်း ဘောလခဲနှင့် ဖရူဆိုမြို့နယ်အကြားတွင် စစ်ကောင်စီယာဉ်တန်းကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းလှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။