Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတွင် တိုက်ပွဲထပ်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးနိုင်ဟု KNDF ထုတ်ပြန်

မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဆက်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်က ထိုးစစ်လာ၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် ကရင်နီအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ပူးပေါင်း၍ ခုခံတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း KNDFက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၈ရက်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ဘီသူ(အထက်)နှင့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခို ကျေးရွာအကြားတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ မနက် ၆နာရီခွဲမှစ၍ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဆက်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း KA/KNDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုမရှိကြောင်း KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လွိုင်ကော်၊ ဖရူဆိုမြို့နယ်များ၌ အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ယခု ဩဂုတ် ၁ရက်ကလည်း ဘောလခဲနှင့် ဖရူဆိုမြို့နယ်အကြားတွင် စစ်ကောင်စီယာဉ်တန်းကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းလှုပ်ရှားနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ သုံးရက်ဆက်လေကြောင်းတိုက်ခိုက်

သတင်း

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။