Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် အင်္ကုက္ကားရွာမှထွက်လာသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေ

တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တန့်ဆည်နယ်
တန့်ဆည်နယ်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်များကို PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်အခြေစိုက် Guerrilla Warfare – K.P.K က ယနေ့(ဇူလိုင် ၂) ထုတ်ပြန်သည်။

ယမန်နေ့ ည ၉နာရီအချိန်တွင် အင်္ကုက္ကားမှ ဒေါင့်ကြီးရွာဘက်သို့ထွက်လာသော စစ်ကောင်စီတပ်များကို Guerrilla Warfare – K.P.K ၊TSR ၊PRLF ၊ Taze Tiger ၊ တန့်ဆည်မီးငှက်၊ ရွှေဘိုခရိုင်တပ်ရင်း (၁၀) ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၆)၊ ပလဖ နှင့် ပကဖ အဖွဲ့များမှ ကျွန်းတောအရောက်တွင် မိုင်ဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့်လည်း တန့်ဆည်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ​၎င်းတို့တပ်များတိုက်ခိုက်ခံရပြီး နာရီပိုင်းခန့်အကြာတွင် မြို့ပေါ်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်း ရှိခဲ့သည်။

အင်္ကုက္ကားရွာမှထွက်လာသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့သည့် ဒေါင့်ကြီးအိုင်ရွာဘက်ရှိ ကျွန်းတောမှာ တန့်ဆည်မြို့နှင့် နှစ်မိုင်ခန့်သာဝေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook