Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို တရုတ်က လတ်တလော မကျူးကျော်လောက်သေးဘူးလို့ အမေရိကန် ထိပ်တန်းဗိုလ်ချုပ် သုံးသပ်

တရုတ်က ထိုင်ဝမ်ကျွန်းကို စစ်တိုက်ပြီး သိမ်းယူနိုင်တဲ့ အခြေအနေမျိုး လောလောဆယ် မတွေ့ရသေးပေမယ့် ပေါ့ဆလို့တော့ မရကြောင်း အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကို တရုတ်က လတ်တလော မကျူးကျော်လောက်သေးဘူးလို့ အမေရိကန် ထိပ်တန်းဗိုလ်ချုပ် သုံးသပ်
ထိုင်ဝမ်ကို တရုတ်က လတ်တလော မကျူးကျော်လောက်သေးဘူးလို့ အမေရိကန် ထိပ်တန်းဗိုလ်ချုပ် သုံးသပ်

ထိုင်ဝမ်မှာ တရုတ်ရဲ့ ကျူးကျော် စစ်ပြုမှု ကြုံလာနိုင်တဲ့ အခြေအနေတွေ၊ အလားအလာတွေ အားလုံးကို အမေရိကန် ပြည်ထောင်စုက အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့ ဗိုလ်ချုပ်ကြီး မတ်ခ်မီလီက ပြောပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်က သီးခြား လွတ်လပ်စွာ ရပ်တည်မှုကို လိုလားပေမယ့် တရုတ်ကတော့ ရေလက်ကြား တစ်ခုသာခြားတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ထိုင်ဝမ်ကို စစ်အင်အားသုံးပြီး ကျူးကျော် သိမ်းယူဖို့ လိုအပ်လာရင်လည်း တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ တရုတ် အစိုးရက သတိပေး ခြိမ်းခြောက်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ ထိုင်ဝမ်ကို အချိန်မရွေး ကျူးကျော် တိုက်ခိုက်နိုင်လောက်မယ့် စစ်အင်အားမျိုး ချဲ့ထွင် တည်ဆောက်နေတာ သိသာကြောင်း မီလီက ဆိုပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ကို စစ်အင်အားသုံးပြီး တိုက်ခိုက်ဖို့ ဆိုတာဟာ နိုင်ငံရေးအရ ဆုံးဖြတ်ဖို့ ခက်ခဲလွန်းတဲ့ စိန်ခေါ်မှုလည်း ဖြစ်မယ်လို့ သူက ဆိုတယ်။ တရုတ်ကတော့ ထိုင်ဝမ်ဟာ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အခိုင်အမာ ကြေညာ ရပ်တည်ဖို့ ခြေလှမ်းပြင်တာနဲ့ စစ်အင်အား အလုံးအရင်းသုံးပြီး တိုက်ခိုက်မယ်လို့ သတိပေးထားပါတယ်။

နောက်ပြီး ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချပေးနေတဲ့ အမေရိကန် အစိုးရကလည်း ကျွန်းနိုင်ငံရဲ့ လွတ်လပ်ရေး ကြေညာချင်တဲ့ စတန့်ထွင်မှုကို အားပေးအားမြှောက် လုပ်နေတာလို့ တရုတ်က စွပ်စွဲထားပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်ဝမ်ရဲ့ အားအကိုးဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကလည်း တရုတ်နဲ့ ဆက်ဆံရေး ဆက်တိုက် ကျဆင်းလာနေပါတယ်။

Public Service Announcement

Public Service Announcement

မေလထဲမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရုတ် စစ်လေယာဉ်တွေ ထိုင်ဝမ်ရဲ့ လေပိုင်နက်နား အကြိမ်ကြိမ် ခြိမ်းခြောက် ပျံသန်းနေခြင်းက ဒေသတွင်း တည်ငြိမ်မှုကို အကြီးအကျယ် ထိခိုက်စေကြောင်း ဝေဖန်ခဲ့ပါတယ်။ တရုတ်ကလည်း အမေရိကန် အစိုးရဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကြားဝင် စွက်ဖက်ဖို့ ကြိုးစားနေကြောင်း ပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ဦးစီးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး မီလီက တရုတ်ဟာ ထိုင်ဝမ်ကို သိမ်းယူဖို့ လိုအပ်တဲ့ စစ်အင်အားကို ရည်မှန်းချက်ကြီးကြီးနဲ့ တည်ဆောက်နေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ဒီသဘောထားကို မကြာခဏ ထုတ်ပြောခဲ့ကြောင်း၊ တစ်ချိန်ချိန်မှာ တရုတ်က ထိုင်ဝမ်ကို လက်တွေ့ တိုက်ခိုက်လာနိုင်ပေမယ့် အဲဒီအချိန်၊ အဲဒီကာလမှာ တရုတ်ရဲ့ နိုင်ငံရေး အမြင်နဲ့ သဘောထားအပေါ် မူတည်ပြီး ကျူးကျော်စစ် ဖြစ်မဖြစ် အဖြေထွက်လာနိုင်ကြောင်း ဗိုလ်ချုပ်ကြီး မီလီက ဆိုပါတယ်။

ဒါပေမဲ့ သေချာတာကတော့ လောလောလတ်လတ်ကြီး ရုတ်တရက် စစ်ထတိုက်မယ်ဆိုတဲ့ အနေအထားမျိုးတော့ တရုတ်ဆီမှာ မတွေ့ရကြောင်း၊ ဘာပဲဖြစ်ဖြစ် ထိုင်ဝမ်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ သဘောထားတွေ၊ လှုပ်ရှားမှုတွေကို အမေရိကန်က အနီးကပ် အလေးအနက် စောင့်ကြည့်နေမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ ဗဟို အာဏာပိုင်ဟာ တရုတ်အစိုးရလို့ မူအားဖြင့် အသိအမှတ် ပြုထားပြီး ထိုင်ဝမ်နဲ့ တိုက်ရိုက် သံတမန် ဆက်ဆံရေး ထူထောင် မထားပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်ဆိုင်ရာ ဆက်ဆံရေး အက်ဥပဒေအရ အမေရိကန် ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ စစ်လက်နက်တွေကိုတော့ ထိုင်ဝမ်ဆီ တင်ပို့ရောင်းချဖို့ အစိုးရက ခွင့်ပြုပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook