Connect with us

Hi, what are you looking for?

News

လူထုထောက်ခံမှုရှိတဲ့ NUG နဲ့တွေ့ဆုံဆွေးနွေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို SAC-M တိုက်တွန်း

အာဆီယံဟာ လက်ရှိအချိန်အထိ တစ်ခုခုလုပ်ဆောင်ဖို့ မင်းအောင်လှိုင်ကို စောင့်ဆိုင်းနေတာက လက်ခံနိုင်ဖွယ်မရှိဘဲ စစ်အုပ်စုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အနိုင်ယူပစ်ဖို့ စစ်အင်အားရော၊ နိုင်ငံရေးအင်အားပါ မရှိဘူးဆိုတာကို ပြီးခဲ့တဲ့ ၆ လအပြီး ကွဲပြားစွာ သိခဲ့ရတယ်လို့ SAC-M အဖွဲ့ဝင် Marzuki Darusman က ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်တပ်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို လုံး၀ရပ်တန့်ဖို့ အာမခံရမှာဖြစ်ပြီး လူထုထောက်ခံမှုရှိတဲ့ NUG ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုအပ်တယ်လို့ အထူးအကြံပေးကောင်စီ(SAC-M)က တိုက်တွန်းပါ တယ်။

အာဆီယံရဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်ခန့်အပ်ခြင်းဟာ ပြီးခဲ့တဲ့ ၆ လ အတွင်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကျူးလွန်တဲ့အရေးကိစ္စတွေကို ဖြေရှင်းရာမှာ ကောင်းမွန်တဲ့ အလှည့်အပြောင်းတွေ ယူဆောင်လာရမှာဖြစ်ပြီး လက်ရှိအချိန်အထိ အာဆီယံဟာ စစ်အုပ်စုကလွဲပြီး အခြားသူတွေနဲ့ တိုင်ပင်ဆွေးနွေးတာမရှိသေးဘူးလို့ SAC-M က ထောက်ပြပါတယ်။

“အချိန်တွေဆွဲ၊ လူရာပေါင်းများစွာ အသက်သေဆုံးပြီးတဲ့နောက်မှာတော့ ထပ်ပြီး အချိန်တွေဖြုန်းစရာလည်းမကျန်တော့ပါဘူး။ သဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ဖို့က အရေး အကြီးဆုံးဖြစ်လာပါပြီ။ ဒီကိစ္စကို အထူးကိုယ်စားလှယ်အနေဖြင့် စစ်အုပ်စုမှ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ပြီး စစ်အုပ်စုအနေဖြင့် စစ်တန်း လျားကို ပြန် ကိုပြန်ကြဖို့ ဖြစ်လာဖို့ရာမှာ စွမ်းဆောင်သင့်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

အာဆီယံဟာ လက်ရှိအချိန်အထိ တစ်ခုခုလုပ်ဆောင်ဖို့ မင်းအောင်လှိုင်ကို စောင့်ဆိုင်းနေတာက လက်ခံနိုင်ဖွယ်မရှိဘဲ စစ်အုပ်စုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အနိုင်ယူပစ်ဖို့ စစ်အင်အားရော၊ နိုင်ငံရေးအင်အားပါ မရှိဘူးဆိုတာကို ပြီးခဲ့တဲ့ ၆ လအပြီး ကွဲပြားစွာ သိခဲ့ရတယ်လို့ SAC-M အဖွဲ့ဝင် Marzuki Darusman က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့၊ စစ်မှန်တဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံညှိ နှိုင်းဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းက မီးမောင်းထိုးပြနေပြီး စစ်အုပ်စုဟာ ကိုဗစ်-၁၉ ကို လွှတ်ထားသည်သာမက ကပ်ရောဂါကို လက်နက်သဖွယ်အသုံးပြုကာ နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ SAC-M က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook