Connect with us

Hi, what are you looking for?

LuduNwayOo

News

လူထုထောက်ခံမှုရှိတဲ့ NUG နဲ့တွေ့ဆုံဆွေးနွေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို SAC-M တိုက်တွန်း

အာဆီယံဟာ လက်ရှိအချိန်အထိ တစ်ခုခုလုပ်ဆောင်ဖို့ မင်းအောင်လှိုင်ကို စောင့်ဆိုင်းနေတာက လက်ခံနိုင်ဖွယ်မရှိဘဲ စစ်အုပ်စုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အနိုင်ယူပစ်ဖို့ စစ်အင်အားရော၊ နိုင်ငံရေးအင်အားပါ မရှိဘူးဆိုတာကို ပြီးခဲ့တဲ့ ၆ လအပြီး ကွဲပြားစွာ သိခဲ့ရတယ်လို့ SAC-M အဖွဲ့ဝင် Marzuki Darusman က ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်တပ်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို လုံး၀ရပ်တန့်ဖို့ အာမခံရမှာဖြစ်ပြီး လူထုထောက်ခံမှုရှိတဲ့ NUG ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုအပ်တယ်လို့ အထူးအကြံပေးကောင်စီ(SAC-M)က တိုက်တွန်းပါ တယ်။

အာဆီယံရဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်ခန့်အပ်ခြင်းဟာ ပြီးခဲ့တဲ့ ၆ လ အတွင်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကျူးလွန်တဲ့အရေးကိစ္စတွေကို ဖြေရှင်းရာမှာ ကောင်းမွန်တဲ့ အလှည့်အပြောင်းတွေ ယူဆောင်လာရမှာဖြစ်ပြီး လက်ရှိအချိန်အထိ အာဆီယံဟာ စစ်အုပ်စုကလွဲပြီး အခြားသူတွေနဲ့ တိုင်ပင်ဆွေးနွေးတာမရှိသေးဘူးလို့ SAC-M က ထောက်ပြပါတယ်။

“အချိန်တွေဆွဲ၊ လူရာပေါင်းများစွာ အသက်သေဆုံးပြီးတဲ့နောက်မှာတော့ ထပ်ပြီး အချိန်တွေဖြုန်းစရာလည်းမကျန်တော့ပါဘူး။ သဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်ဖို့က အရေး အကြီးဆုံးဖြစ်လာပါပြီ။ ဒီကိစ္စကို အထူးကိုယ်စားလှယ်အနေဖြင့် စစ်အုပ်စုမှ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ပြီး စစ်အုပ်စုအနေဖြင့် စစ်တန်း လျားကို ပြန် ကိုပြန်ကြဖို့ ဖြစ်လာဖို့ရာမှာ စွမ်းဆောင်သင့်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

အာဆီယံဟာ လက်ရှိအချိန်အထိ တစ်ခုခုလုပ်ဆောင်ဖို့ မင်းအောင်လှိုင်ကို စောင့်ဆိုင်းနေတာက လက်ခံနိုင်ဖွယ်မရှိဘဲ စစ်အုပ်စုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အနိုင်ယူပစ်ဖို့ စစ်အင်အားရော၊ နိုင်ငံရေးအင်အားပါ မရှိဘူးဆိုတာကို ပြီးခဲ့တဲ့ ၆ လအပြီး ကွဲပြားစွာ သိခဲ့ရတယ်လို့ SAC-M အဖွဲ့ဝင် Marzuki Darusman က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့၊ စစ်မှန်တဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံညှိ နှိုင်းဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းက မီးမောင်းထိုးပြနေပြီး စစ်အုပ်စုဟာ ကိုဗစ်-၁၉ ကို လွှတ်ထားသည်သာမက ကပ်ရောဂါကို လက်နက်သဖွယ်အသုံးပြုကာ နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ SAC-M က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။