Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ ကျူးကျော်စစ်ရေးလှုပ်ရှားမှု ၁၅ ရက်ကာလအတွင်း ဒေသခံ ၂၀ ကျော်ကို ပေါ်တာအဖြစ်ဖမ်းဆီး

အဆိုပါစစ်ကောင်စီတပ်မ(၄၄)တပ်ဟာ စစ်ကြောင်းတစ်လျှောက် တွေ့သမျှလူတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် ကော်ဟဲကျေးရွာက အသက်(၁၃)နှစ်အရွယ် ကျောင်းသားကလေးတစ်ဦးအပါအဝင် ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲစတဲ့ ကျေးရွာတွေက ရွာသား (၂၂)ဦးဟာ ဖမ်းဆီးခံခဲ့ရတာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကေအဲန်ယူ-ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှားမှု (၁၅)ရက်ကာလအတွင်း ဒေသခံ(၂၀)ကျော်ကို ပေါ်တာနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ(၁၇)ရက်ကနေ ဇူလိုင်(၁)ရက်နေ့အထိ ကေအဲန်ယူ-ဘီးလင်းမြို့နယ်ထဲကို နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ဒေသခံရွာသား(၂၂)ဦးကို စစ်ကြောင်းတစ်လျှောက် ပေါ်တာထမ်းဖို့နဲ့ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ လူထုရဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို ခိုးယူ၊ စားသုံး၊ ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

အဆိုပါစစ်ကောင်စီတပ်မ(၄၄)တပ်ဟာ စစ်ကြောင်းတစ်လျှောက် တွေ့သမျှလူတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် ကော်ဟဲကျေးရွာက အသက်(၁၃)နှစ်အရွယ် ကျောင်းသားကလေးတစ်ဦးအပါအဝင် ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲစတဲ့ ကျေးရွာတွေက ရွာသား (၂၂)ဦးဟာ ဖမ်းဆီးခံခဲ့ရတာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

စစ်ကောင်စီတပ်က ဒေသခံပြည်သူလူထုပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး ငွေကျပ် သိန်း(၈၀)ကျော်အပါအဝင် အိမ်မွေးတိရိစ္ဆာန်တွေ၊ ဆန်ဆီအိုးခွက်ပန်းကန်တွေ၊ အဝတ်အထည်တွေ၊ ဖုန်းနဲ့ အခြားဆက်စပ်ပစ္စည်းမျိုးစုံကို သယ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တပ်ရင်း(၃)ရင်းပါဝင်တဲ့ တပ်မ(၄၄)လက်အောက်ခံတပ်လို့သိရပြီး နယ်မြေခံ KNLA KNDO ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှု ၈ ကြိမ်တိတိရှိခဲ့ကာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူနေအိမ်(၈)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook