Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ရဲ့ ကျူးကျော်စစ်ရေးလှုပ်ရှားမှု ၁၅ ရက်ကာလအတွင်း ဒေသခံ ၂၀ ကျော်ကို ပေါ်တာအဖြစ်ဖမ်းဆီး

အဆိုပါစစ်ကောင်စီတပ်မ(၄၄)တပ်ဟာ စစ်ကြောင်းတစ်လျှောက် တွေ့သမျှလူတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် ကော်ဟဲကျေးရွာက အသက်(၁၃)နှစ်အရွယ် ကျောင်းသားကလေးတစ်ဦးအပါအဝင် ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲစတဲ့ ကျေးရွာတွေက ရွာသား (၂၂)ဦးဟာ ဖမ်းဆီးခံခဲ့ရတာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကေအဲန်ယူ-ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှားမှု (၁၅)ရက်ကာလအတွင်း ဒေသခံ(၂၀)ကျော်ကို ပေါ်တာနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ(၁၇)ရက်ကနေ ဇူလိုင်(၁)ရက်နေ့အထိ ကေအဲန်ယူ-ဘီးလင်းမြို့နယ်ထဲကို နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ဒေသခံရွာသား(၂၂)ဦးကို စစ်ကြောင်းတစ်လျှောက် ပေါ်တာထမ်းဖို့နဲ့ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ လူထုရဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို ခိုးယူ၊ စားသုံး၊ ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

အဆိုပါစစ်ကောင်စီတပ်မ(၄၄)တပ်ဟာ စစ်ကြောင်းတစ်လျှောက် တွေ့သမျှလူတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် ကော်ဟဲကျေးရွာက အသက်(၁၃)နှစ်အရွယ် ကျောင်းသားကလေးတစ်ဦးအပါအဝင် ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲစတဲ့ ကျေးရွာတွေက ရွာသား (၂၂)ဦးဟာ ဖမ်းဆီးခံခဲ့ရတာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

စစ်ကောင်စီတပ်က ဒေသခံပြည်သူလူထုပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး ငွေကျပ် သိန်း(၈၀)ကျော်အပါအဝင် အိမ်မွေးတိရိစ္ဆာန်တွေ၊ ဆန်ဆီအိုးခွက်ပန်းကန်တွေ၊ အဝတ်အထည်တွေ၊ ဖုန်းနဲ့ အခြားဆက်စပ်ပစ္စည်းမျိုးစုံကို သယ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ တပ်ရင်း(၃)ရင်းပါဝင်တဲ့ တပ်မ(၄၄)လက်အောက်ခံတပ်လို့သိရပြီး နယ်မြေခံ KNLA KNDO ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှု ၈ ကြိမ်တိတိရှိခဲ့ကာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူနေအိမ်(၈)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။