Connect with us

Hi, what are you looking for?

သတင်း

အလုပ်သမားသပိတ်အား ထောက်ခံဝန်းရံသောအားဖြင့် Foodpanda ဝန်ဆောင်မှုအသုံးမပြုရန် GSCတိုက်တွန်း

Foodpanda မှပို့ဆောင်ရေးအလုပ်သမားများ၏ဒုတိယအကြိမ်မြောက် အလုပ်မဆင်းဘဲ သပိတ်မှောက်ထားသည်မှာ ဇူလိုင် ၆ ရက် (မနက်ဖြန်)တွင် တစ်လတင်းတင်းပြည်ပြီ ဖြစ်သည်။

Food Panda
Food Panda

လုပ်အားခခေါင်းပုံဖြတ်မှုကြောင့် အလုပ်မဆင်းဘဲ သပိတ်မှောက်လျှက်ရှိသော Foodpanda အလုပ်သမားသပိတ်အား ထောက် ခံဝန်းရန်ပေးကြရန် ပြည်သူလူထုအား စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)က ပြည်သူလူထုအားယ​နေ့တိုက်တွန်းသည်။

ထိုသို့ထောက်ခံဝန်းရံကြရာတွင်Foodpandaဝန်ဆောင်မှုများအား အသုံးမပြုခြင်း၊ Foodpanda Application အား မိမိတို့၏ mobile devices များမှ အပြီးတိုင်ပယ်ဖျက်ရှင်းလင်းခြင်းတို့ လုပ်ဆောင်ပေးကြရန်GSCက ပန်ကြားသည်။

ယခုကဲ့သို့ အလုပ်မဆင်းသပိတ်တိုက်ပွဲပေါ် ပေါက်လာရခြင်းမှာ Foodpanda ကုမ္ပဏီ၏ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ၊ လုပ်အားခခေါင်းပုံဖြတ်မှုများကြောင့်ဖြစ် ကြောင်းအလုပ်သမားများပြောဆိုမှုနှင့် မီဒီယာများ၏ ဖော်ပြချက်များအရ သိထားရသည်ဟု​ဖော်ပြထားသည်။

ဖောက်ပြန်ယုတ်မာသောအာဏာသိမ်းစစ်အုပ်စုလက်အောက်တွင် အလုပ်သမားထု၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များအား ဥပဒေအရ ရရှိနိုင်ရန် မဖြစ်နိုင်သည့်ယခုအခြေအနေတွင် ကုမ္ပဏီဘက်မှ အလုပ်သမားများ၏ တရားသောတောင်းဆိုချက်များကို လက်လျူရှု့သည့်အပြင် ဦးဆောင်သူများအား အလုပ်ဖြုတ်ခြင်း၊ အလုက်သမားသစ်များခန့်အပ်ခြင်းစသည့်တုန့်ပြန်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု GSC က ထောက်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် Foodpanda မှ ပို့ဆောင်ရေးအလုပ်သမားများက’စားသုံးသူ လုံးဝမရှိရေးလှုပ်ရှားမှု(Zero Customer Campaign)ပြုလုပ်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ယခုဆင်နွှဲလျှက်ရှိသော နွေဦးတော်လှန်ရေးသည် ပြည်သူလူထုဦးဆောင်မှုဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိတွင်လည်း လူထု၏ပံ့ ပိုးစောင့်ရှောက်မှုကြောင့် ယခုထိခိုင်မာအား ကောင်းနေဆဲဖြစ်သည်ဟု GSC က ယုံကြည်ပြီးလက်ရှိ Foodpanda အလုပ်သမားများ၏ အလုပ်မဆင်းသပိတ်တိုက်ပွဲအောင်မြင်ရန်လည်း ပြည်သူများပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းထားသည်။

Foodpanda မှပို့ဆောင်ရေးအလုပ်သမားများ၏ဒုတိယအကြိမ်မြောက် အလုပ်မဆင်းဘဲ သပိတ်မှောက်ထားသည်မှာ ဇူလိုင် ၆ ရက် (မနက်ဖြန်)တွင် တစ်လတင်းတင်းပြည်ပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လာမယ့်ဇူလိုင် (၁၉) ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်တဲ့နည်းလမ်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။

ဆောင်းပါး

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အာဏာသိမ်းကာလအတွင်း မြန်မာပြည်ခေတ္တအလည်ပြန်ဖို့ ကြိုးစားချိန်တိုင်း စိုးရိမ်သောကတွေ၊ ရှုပ်ထွေးလှတဲ့ စည်းမျဉ်းတွေနဲ့ ငွေကုန်ကြေးကျများလှတဲ့ပြည်တော်ပြန်ခရီးတွေအဖြစ် ပြောင်းလဲနေပါတယ်။ ဘာတွေကြောင့်ပါလဲ။

သတင်း

မကွေးတိုင်း၊ ကံမမြို့က ရေသန့်စက်ရုံရဲ့ အလုပ်သမားတွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခံရတာကြောင့် စက်ရုံပိတ်လိုက်ရတယ်လို့ အဲဒီရေသန့်စက်ရုံပိုင်ရှင်က ပြောပါတယ်။