Connect with us

Hi, what are you looking for?

သတင်း

ဥကရစ်ထဒေသတွင် စစ်ကောင်စီတပ် အင်အားထပ်တိုးပြီး နယ်မြေရှင်းရန် စစ်ကြောင်းထိုးထား

ဥကရစ်ထစခန်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်က ၁၅၀ ​ကျော်​သေဆုံးပြီး လက်နက် ၅၀ ​ကျော်သိမ်းဆည်းရရှိကာ ၊ပူး​ပေါင်းတပ်ဖွဲ့များဘက်မှကျဆုံးသည်မှာ ၁၀ ဦးပင်မ​ကျော်​သေး​ကြောင်း ကရင်ပြည်နယ် တပ်မဟာ ၆ ဒေသအတွင်း ပူးပေါင်းတပ်ဖွဲ့များ တာဝန်ခံ ကိုစောရှားကPVTV နှင့်အင်တာဗျူးတွင်​ဖြေကြားထားသည်။

(ဗိုလ်အယ်​ဆေးဝါးဦး​ဆောင်​သော KNDO တပ်ဖွဲ့က စစ်​ကောင်စီ၏ စစ်ကူလာ​သော တပ်မ(၄၄) တပ်ဖွဲ့အားတိုက်ခိုက်ပြီးရရှိ​သော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ-Karen History)
(ဗိုလ်အယ်​ဆေးဝါးဦး​ဆောင်​သော KNDO တပ်ဖွဲ့က စစ်​ကောင်စီ၏ စစ်ကူလာ​သော တပ်မ(၄၄) တပ်ဖွဲ့အားတိုက်ခိုက်ပြီးရရှိ​သော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ-Karen History)

▪️အာဏာရှင်စနစ် ဆက်ရှိနေသရွေ့ တိုက်ပွဲပြီးမည်မဟုတ်ဘဲ ပိုပြင်းထန်လာမည်ဟု ဗိုလ်စလုံးပြော

▪️ဆင်ဖြူစစ်ကြောင်း၊ KNDO အထူးကွန်မန်ဒိုတပ်ရင်းသို့ ပံ့ပိုးကူညီလိုပါက တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ မြ၀တီမြို့တောင်ဘက်ရှိ ဥကရစ်ထ ဒေသတွင် စစ်ကောင်စီတပ်များ အင်အားဆက်လက်ဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) အထူးကွန်မတန်ဒိုတပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောစလုံးက ပြောကြားသည်။

ဥကရစ်ထကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KNDOအပါအဝင် ပူးပေါင်းတပ်များက ဇွန်လ ၂၆ရက်မှစ၍ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ တစ်ပတ်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိတွင် တိုက်ပွဲပြန်လည်တည်ငြိမ်နေသည်။

“ဥကရစ်ထ အခြေအနေက အခုကတော့ ငြိမ်နေတယ်။ ကျွန်တော်တို့ဘက်က ငြိမ်တာ။ သူတို့ဘက်က မငြိမ်ဘူး။ သူတို့က အင်အားတွေ ထပ်တိုးတယ်။ ပြီးတော့ သူတို့ကနယ်မြေရှင်းလင်းဖို့ရှိတယ်။ သူတို့က စစ်ကြောင်းထိုးထားတယ်။ကျွန်တော်တို့ကဘေးကို နည်းနည်းရွှေ့လိုက်တယ်။ဘာဖြစ်လို့လည်းဆိုတော့ သူတို့က လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ လာပစ်ကြတယ်။ လက်နက်ကြီးတွေ အကြီးအကျယ် ပစ်မယ်လေ။ ပြီးမှ သူတို့တက်လာမယ်ဆိုတော့ ကျွန်တော်တို့ ကလေးတွေကဘေးကို နည်းနည်းရှောင်ထားတယ်”ဟု ဒုဗိုလ်မှူးကြီးစောစလုံးက ဥကရစ်ထ ဒေသအခြေအနေကို ပြောပြသည်။

အဆိုပါဒေသ၌ တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“သူတို့ မြန်မာနိုင်ငံအာဏာရှင် အာဏာရူး မူ၊ စနစ် သူတို့ မလဲရင် ဘယ်တော့မှ တိုက်ပွဲမပြီးဘူး။ တိုက်ပွဲက ကြီးလာရင်ပဲ ကြီးလာမှာ။”ဟု ဒုဗိုလ်မှူးကြီးစောစလုံးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့၏ ဥကရစ်ထတပ်စခန်း မကျစေရေးအတွက် ဇွန်လ ၂၇ရက်မှ ဇူလိုင် ၁ရက်အထိ ၅ရက်တာကာလအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၂၅ ကြိမ်ပြုလုပ်၍ ကာကွယ်ခဲ့ရသည်။ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများစွာ ရယူပြီးခုခံခဲ့ရသော်လည်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်။ ဥကရစ်ထ စခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းများလည်း စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံခဲ့ရသည်။

လက်ရှိတွင်လည်း မြ၀တီ – ဝေါ်လေ လမ်းရှိ စစ်ကောင်စီတပ်များ အင်အား တိုးမြှင့်လှုပ်ရှားနေပြီး တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဒုဗိုလ်မှူးကြီး စောစလုံးတို့၏ ဆင်ဖြူစစ်ကြောင်း အနေဖြင့်လည်း KNU၊ KNLA၊ KNDO တို့အပါအဝင် တိုက်ပွဲဝင်လျက်ရှိသော ကော်ဘရာစစ်ကြောင်း၊ Venom စစ်ကြောင်းတို့နှင့် အခြားသော PDF တပ်ခွဲများနှင့်အတူ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စောစလုံးအဖွဲ့က ပြည်သူသို့ အသိပေးချက် ထုတ်ပြန်ထားသည်။

ဆင်ဖြူစစ်ကြောင်းအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံး၏ ထိရောက်စွာ ပံ့ပိုးကူညီထောက်ပံ့မှုများက အဓိက ကျကြောင်း၊ တိုက်ပွဲ ဖော်ဆောင်ရာတွင် လိုအပ်ချက်များစွာ ရှိပြီး ယင်းလိုအပ်ချက်များအတွက် ဆင်ဖြူ စစ်ကြောင်း KNDO အထူးကွန်မန်ဒိုတပ်ရင်းသို့ တိုက်ရိုက် ပံ့ပိုးကူညီလှူဒါန်းမည်ဆိုပါက ဆက်သွယ်နိုင်ကြောင်း ဒုဗိုလ်မှူးကြီးစောစလုံး၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ဥကရစ်ထစခန်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်က ၁၅၀ ​ကျော်​သေဆုံးပြီး လက်နက် ၅၀ ​ကျော်သိမ်းဆည်းရရှိကာ ၊ပူး​ပေါင်းတပ်ဖွဲ့များဘက်မှကျဆုံးသည်မှာ ၁၀ ဦးပင်မ​ကျော်​သေး​ကြောင်း ကရင်ပြည်နယ် တပ်မဟာ ၆ ဒေသအတွင်း ပူးပေါင်းတပ်ဖွဲ့များ တာဝန်ခံ ကိုစောရှားကPVTV နှင့်အင်တာဗျူးတွင်​ဖြေကြားထားသည်။

“စကစ လော်ဘီတွေက သူတို့ အကြီးအကျယ်အထိနာနေတာကို ဖုံးကွယ်ပြီ ဆိုက်ဝါး ပြန်လုပ်နေတာဗျ။ကျွန်တော်တို့ ဘက်က ကျတာ ဆယ်ယောက်တောင်မပြည့်ပါဘူး။ တစ်ကယ့် မြေပြင်မှာအခု ဥကရစ်ထ စခန်းတိုက်ပွဲမှာတင် စကစ တပ်သား ၁၅၀ လောက်ကျပြီး (၃၆) ယောက်လောက် ဒဏ်ရာရတယ်။ ကျတော်တို့ ပူးပေါင်းတပ်ဖွဲတွေ လက်နက် ၅၂ နဲ့ ခဲယမ်း ကျည်တွေ အတော်ရတယ်။ စကစ ထိပ်ပိုင်းက ဒီသတင်းအမှန်တွေကို ဖုံးကွယ်ပြီး နောက်ထပ် ပို့မယ့်တပ်တွေ စိတ်ဓာတ်မကျအောင် ဝါဒဖြန့်ပြီး အောက်ချေရဲဘော်တွေကို ထိုးကြွေးနေတာဗျ ။လေးကေကော်တိုက်ပွဲမှာတုန်းကဆို ကျတော်တို့ ရဲဘော်တွေက ပစ်ရမှာတောင် အားနာ လာတဲ့အထိဖြစ်ကြတယ်။ စစ်သားတွေရော ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်တယ် ထိုးထိုးထောင်ထောင် ငူတူတူတွေနဲ့ တက်လာကြတာ အဲဒီတုန်းကလည်း စကစ တပ်သားတွေ ရာချီကျခဲ့ကြတာပဲ။”ဟုကို​စောရှားက​ဖြေကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။