Connect with us

Hi, what are you looking for?

သတင်း

ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များကို အပြစ်ပေးအရေးယူရန် အစွမ်းကုန်လုပ်ဆောင်မည်ဟု NUG သန္နိဌာန်ပြု

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြနေကြောင်း NUG က ဖော်ပြသည်။

ကလေးမြို့တွင် "7 July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ" ဟု ကြွေးကြော်၍ ပြောက်ကျားသပိတ်ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ကလေးမြို့ ပင်မသပိတ် အင်အားစု
ကလေးမြို့တွင် "7 July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ" ဟု ကြွေးကြော်၍ ပြောက်ကျားသပိတ်ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - ကလေးမြို့ ပင်မသပိတ် အင်အားစု

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀)ပြည့်အခမ်းအနားများသို့ သဝဏ်လွှာပေးပို့

ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များကို အပြစ်ပေးအရေးယူခံရမှု သေချာစေရေးအ တွက် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG က သန္နိဌာန်ပြုထုတ်ပြန်သည်။

ယနေ့ကျရောက်သော ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀)ပြည့် အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နှင့် အမှန်တရားအတွက် အသက်နှင့်ဘဝကို ပဓာနမထားပဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာဖြင့် စနစ်ဆိုးများကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားလူငယ်တော်လှန်ရေး ရဲဘော်အပေါင်းတို့အား လေးစားစွာဦးညွတ်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ဘဲ ၂၁ ရာစုအထိ ဆက်လက်ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင်များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း NUG က ဆိုသည်။

၁၉၆၂ မတ်လ ၇ ရက်တွင် စစ်အာဏာရှင်၏ လက်ပါးစေတပ်များက ပညာတတ်နိုင်ငံရေးခေါင်းဆောင်များ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေကိုသွေးစွန်းစေခဲ့ပြီး သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲ ဖြိုဖျက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြနေကြောင်း NUG က ဖော်ပြသည်။

မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေသည့်၊ လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေးအတွက် လည်း NUG က သန္နိဌာန်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။