Connect with us

Hi, what are you looking for?

သတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်အတွင်း မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို ထည့်သွင်းဆွေးနွေးမည်

ခရီးစဉ်အတွင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာပြည်သူများအရေးကို ထည့်သွင်းဆွေးနွေး မည်ဟု ဆိုသည်။

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘန်ကောက်သို့ ရောက်ရှိလာစဉ်၊ဓာတ်ပုံ - U.S. Asia Pacific Media Hub)
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘန်ကောက်သို့ ရောက်ရှိလာစဉ်၊ဓာတ်ပုံ - U.S. Asia Pacific Media Hub)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် သည် ယမန်နေ့ညနေပိုင်းတွင် ဘန်ကောက်သို့ရောက်ရှိလာပြီး ၎င်း၏ ထိုင်းခရီးစဉ်အတွင်း မြန်မာ့အကျပ်အ တည်းဖြေရှင်းရေးကို ထည့်သွင်းဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ခရီးစဉ်အတွင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာပြည်သူများအရေးကို ထည့်သွင်းဆွေးနွေး မည်ဟု ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဘန်ကောက်သို့ လာရောက်ကာ ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ သို့သော် သတင်းထုတ်ပြန်ချက်များအရ အဆိုပါတွေ့ဆုံဆွေးနွေးမှုများအတွင်း မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးသည်ကို မတွေ့ရပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။