Connect with us

Hi, what are you looking for?

သတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး၏ ထိုင်းခရီးစဉ်အတွင်း မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို ထည့်သွင်းဆွေးနွေးမည်

ခရီးစဉ်အတွင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာပြည်သူများအရေးကို ထည့်သွင်းဆွေးနွေး မည်ဟု ဆိုသည်။

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘန်ကောက်သို့ ရောက်ရှိလာစဉ်၊ဓာတ်ပုံ - U.S. Asia Pacific Media Hub)
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘန်ကောက်သို့ ရောက်ရှိလာစဉ်၊ဓာတ်ပုံ - U.S. Asia Pacific Media Hub)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် သည် ယမန်နေ့ညနေပိုင်းတွင် ဘန်ကောက်သို့ရောက်ရှိလာပြီး ၎င်း၏ ထိုင်းခရီးစဉ်အတွင်း မြန်မာ့အကျပ်အ တည်းဖြေရှင်းရေးကို ထည့်သွင်းဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ခရီးစဉ်အတွင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာပြည်သူများအရေးကို ထည့်သွင်းဆွေးနွေး မည်ဟု ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဘန်ကောက်သို့ လာရောက်ကာ ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ သို့သော် သတင်းထုတ်ပြန်ချက်များအရ အဆိုပါတွေ့ဆုံဆွေးနွေးမှုများအတွင်း မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးသည်ကို မတွေ့ရပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာ ပစ်ကပ်ကားနဲ့ မော်တော်ဆိုင်ကယ် တိုက်မိရာက မြန်မာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန Thaigerက ဖော်ပြခဲ့ပါတယ်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

သတင်း

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၅၀ကျော်ရှိကြောင်း KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် အရေးပေါ် မဆင်းသက်ခင် စွန့်ထုတ်ခဲ့တဲ့ လောင်စာဆီတွေကြောင့် မြေပြင်ပေါ်မှာ ထိခိုက်မှုတွေ မဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင် တစ်ဦးက ပြောပါတယ်။

Facebook