Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၏ဆေးအဖွဲ့က ဒေသတွင်းစိုးမိုးနယ်မြေ လေးခုသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေး

PEOPLE’S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့​ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - People's Defence Force - Htilin
ဓာတ်ပုံ - People's Defence Force - Htilin

ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၏ ဆေးအဖွဲ့က ဒေသတွင်းစိုးမိုးနယ်မြေ လေးခုသို့ သွားရောက်ကာ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်သည်။

PEOPLE’S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့​ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုခံယူသူဦးရေ စုစုပေါင်း ၅၀၀ကျော်ခန့်ရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ၀န်ကြီးဌာန၏ ဂန့်ဂေါခရိုင်တာ၀န်ခံ၊ ထီးလင်းမြို့နယ်တာ၀န်ခံနှင့် ထီးလင်းမြို့နယ် ကြားကာလအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ပြည်သူ့ကာကွယ်ရေးနှင့် ဆေးအဖွဲ့၀င်များက စစ်ဘေးရှောင်ပြည်သူများထံသွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - People's Defence Force - Htilin
ဓာတ်ပုံ – People’s Defence Force – Htilin

“စစ်ခွေးတွေက အပြစ်မဲ့မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးခဲ့ကြတဲ့အတွက်ကြောင့် မိဘပြည်သူတွေဟာ ကိုယ့်အိုးကိုယ့်အိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာမှာ ရှောင်တိမ်းနေထိုင်နေကြရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်မိဘပြည်သူများကိုလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်း၀န်းကူညီ ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ”ဟု ထီးလင်းမြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PEOPLE’S DEFENCE FORCE-HTILIN (YRPA)က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။