Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၏ဆေးအဖွဲ့က ဒေသတွင်းစိုးမိုးနယ်မြေ လေးခုသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေး

PEOPLE’S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့​ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - People's Defence Force - Htilin
ဓာတ်ပုံ - People's Defence Force - Htilin

ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၏ ဆေးအဖွဲ့က ဒေသတွင်းစိုးမိုးနယ်မြေ လေးခုသို့ သွားရောက်ကာ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်သည်။

PEOPLE’S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့​ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုခံယူသူဦးရေ စုစုပေါင်း ၅၀၀ကျော်ခန့်ရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ၀န်ကြီးဌာန၏ ဂန့်ဂေါခရိုင်တာ၀န်ခံ၊ ထီးလင်းမြို့နယ်တာ၀န်ခံနှင့် ထီးလင်းမြို့နယ် ကြားကာလအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ပြည်သူ့ကာကွယ်ရေးနှင့် ဆေးအဖွဲ့၀င်များက စစ်ဘေးရှောင်ပြည်သူများထံသွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - People's Defence Force - Htilin
ဓာတ်ပုံ – People’s Defence Force – Htilin

“စစ်ခွေးတွေက အပြစ်မဲ့မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးခဲ့ကြတဲ့အတွက်ကြောင့် မိဘပြည်သူတွေဟာ ကိုယ့်အိုးကိုယ့်အိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာမှာ ရှောင်တိမ်းနေထိုင်နေကြရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်မိဘပြည်သူများကိုလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်း၀န်းကူညီ ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ”ဟု ထီးလင်းမြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PEOPLE’S DEFENCE FORCE-HTILIN (YRPA)က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ