Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင် ပျူစောထီးအဖွဲ့နေအိမ်ကိုဝင်စီးရာအပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ပျူတစ်ဦးသေ

“လောင်းလုံးဘက်မှ ပျူစောထီးတွေက သောင်းကျန်းနေတာ၊ အဲ့တာကို PDFတွေ ဝင်ပစ်တာ အခုရွာထဲမှာ စခ(စစ်ကောင်စီတပ်)တွေသောင်းကျန်းနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လောင်းလုံး (ပကဖ)
လောင်းလုံး (ပကဖ)

လောင်းလုံးမြို့နယ်တွင် ပျူစောထီးများစုပေါင်းနေထိုင်သော နေအိမ်နစ်အိမ်အား ဝင်ရောက်စီးနင်းရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း လောင်းလုံး (ပကဖ)က ယနေ့(ဇူလိုင်၁) ထုတ်ပြန်သည်။

ဇူလိုင် ၉ ရက်နေ့ည ၁၁ နာရီ ၁၅ ခန့်က လောင်းလုံး မြို့နယ်၊ ပန်ဒလဲကျေးရွာရှိ ပျူစောထီးများစုပေါင်းနေထိုင်သောနေအိမ်တစ်အိမ်ကို လောင်းလုံ(ပကဖ)၊ အထူးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ရဲဘော်များစစ်ကြောင်း၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး တပ်ခွဲ (၁)နှင့် DDT တပ်ခွဲ (၃)တို့ပူးပေါင်းပြီး စီးနင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

လောင်းလုံး (ပကဖ)
လောင်းလုံး (ပကဖ)

အဆိုပါစီးနင်းမှုတွင် ည ၁၁ နာရီ ၁၅ မှ ၁၂ နာရီ ၄၅ အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

စီးနင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး အထူးပြောက်ကျားတပ်ဖွဲ့၏စုံစမ်းချက်အရ ပျူစောထီးတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ ဆေးရုံပို့ထားရသည်ဟု သိရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပျူစောထီးများအားတိုက်ခိုက်ပြီး ဆုတ်ခွာလာစဥ် မိနစ် ၂၀ ခန့်အကြာတွင် ကမြောကင်း(၁၀၄)တပ်ရင်းမှအင်အားပြည့်တင်ဆောင်လာသော စစ်ကောင်စီတပ်မှ ယာဥ်လေးစီး လမ်းမတလျှောက် ရမ်းသမ်းပစ်ခတ်၍ ဆင်းလာရာ မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း မိုင်းများမပေါက်ကွဲခဲ့ဘဲပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု အသိပေးထားသည်။

“လောင်းလုံးဘက်မှ ပျူစောထီးတွေက သောင်းကျန်းနေတာ၊ အဲ့တာကို PDFတွေ ဝင်ပစ်တာ အခုရွာထဲမှာ စခ(စစ်ကောင်စီတပ်)တွေသောင်းကျန်းနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုအပြင်ဇူလိုင် ၉ညပိုင်းက လုံလောင်(ပကဖ)နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ပူးပေါင်းပြီးလောင်းလုံနယ်ဝေဒီကျေးရွာရှိ လက်နက် ကိုင်ပျူစောထီးနှစ်ဦး၏နေအိမ်များကို ဝင်ရောက်ပစ်ခတ်သတိပေးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။