Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးတွင် ပျူစောထီးအဖွဲ့နေအိမ်ကိုဝင်စီးရာအပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ပျူတစ်ဦးသေ

“လောင်းလုံးဘက်မှ ပျူစောထီးတွေက သောင်းကျန်းနေတာ၊ အဲ့တာကို PDFတွေ ဝင်ပစ်တာ အခုရွာထဲမှာ စခ(စစ်ကောင်စီတပ်)တွေသောင်းကျန်းနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လောင်းလုံး (ပကဖ)
လောင်းလုံး (ပကဖ)

လောင်းလုံးမြို့နယ်တွင် ပျူစောထီးများစုပေါင်းနေထိုင်သော နေအိမ်နစ်အိမ်အား ဝင်ရောက်စီးနင်းရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း လောင်းလုံး (ပကဖ)က ယနေ့(ဇူလိုင်၁) ထုတ်ပြန်သည်။

ဇူလိုင် ၉ ရက်နေ့ည ၁၁ နာရီ ၁၅ ခန့်က လောင်းလုံး မြို့နယ်၊ ပန်ဒလဲကျေးရွာရှိ ပျူစောထီးများစုပေါင်းနေထိုင်သောနေအိမ်တစ်အိမ်ကို လောင်းလုံ(ပကဖ)၊ အထူးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ရဲဘော်များစစ်ကြောင်း၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး တပ်ခွဲ (၁)နှင့် DDT တပ်ခွဲ (၃)တို့ပူးပေါင်းပြီး စီးနင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

လောင်းလုံး (ပကဖ)
လောင်းလုံး (ပကဖ)

အဆိုပါစီးနင်းမှုတွင် ည ၁၁ နာရီ ၁၅ မှ ၁၂ နာရီ ၄၅ အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

စီးနင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး အထူးပြောက်ကျားတပ်ဖွဲ့၏စုံစမ်းချက်အရ ပျူစောထီးတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ ဆေးရုံပို့ထားရသည်ဟု သိရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပျူစောထီးများအားတိုက်ခိုက်ပြီး ဆုတ်ခွာလာစဥ် မိနစ် ၂၀ ခန့်အကြာတွင် ကမြောကင်း(၁၀၄)တပ်ရင်းမှအင်အားပြည့်တင်ဆောင်လာသော စစ်ကောင်စီတပ်မှ ယာဥ်လေးစီး လမ်းမတလျှောက် ရမ်းသမ်းပစ်ခတ်၍ ဆင်းလာရာ မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း မိုင်းများမပေါက်ကွဲခဲ့ဘဲပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု အသိပေးထားသည်။

“လောင်းလုံးဘက်မှ ပျူစောထီးတွေက သောင်းကျန်းနေတာ၊ အဲ့တာကို PDFတွေ ဝင်ပစ်တာ အခုရွာထဲမှာ စခ(စစ်ကောင်စီတပ်)တွေသောင်းကျန်းနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုအပြင်ဇူလိုင် ၉ညပိုင်းက လုံလောင်(ပကဖ)နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ပူးပေါင်းပြီးလောင်းလုံနယ်ဝေဒီကျေးရွာရှိ လက်နက် ကိုင်ပျူစောထီးနှစ်ဦး၏နေအိမ်များကို ဝင်ရောက်ပစ်ခတ်သတိပေးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။