Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများလှူဒါန်းမှုဖြင့် စနိုက်ပါတစ်လက်၊ M4 တစ်လက်နှင့် ကျည်များရရှိထားဟု KNDO၏ VENOM စစ်ကြောင်း အသိပေး

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီတပ်၏ မြ၀တီမြို့နယ် ဝေါ်လေဒေသ ဥကရစ်ထတပ်စခန်း တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။

ဓာတ်ပုံ - VENOM
ဓာတ်ပုံ - VENOM

ပြည်သူလူထုများမှ ကိုယ်ပိုင်ချွေးနည်းစာဖြင့် အခက် အခဲများကြားမှ လှူဒါန်းပေးသော အလှူငွေများဖြင့် စနိုက်ပါ တစ်လက်၊ M4 တစ်လက်နှင့်ကျည်များ ရရှိလာပြီဖြစ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) အထူးကွန်မန်ဒိုတပ်ရင်း၏ VENOM စစ်ကြောင်းက ယနေ့ အသိပေးသည်။

“ဆက်လက်လှူဒါန်းပေးနေသော မိဘပြည်သူများ ၏အလှူငွေများကို ထပ်မံစုစည်းကာ ၊ နောက်ထပ်ရောက်ဖို့လဲ ရှိပါသေးသည်။ ကျွန်တော်VENOM အနေဖြင့် ဖော်မပြတတ်လောက်အောင် ဝမ်းသာမိပါတယ်”ဟု ဖော်ပြကာ VENOM စစ်ကြောင်းမှူး စောဝင်းမြင့်က ရောက်ရှိလာသည့် လက်နက်နှင့် ကျည်များကို ပြသခဲ့သည်။

ဓာတ်ပုံ - VENOM
ဓာတ်ပုံ – VENOM

အချိန်ယူအားဖြည့်ဆဲကာလမှသည် ၊ ပြည်သူများထံသတင်းကောင်းများ ရောက်ရှိနိုင်ရေး ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီတပ်၏ မြ၀တီမြို့နယ် ဝေါ်လေဒေသ ဥကရစ်ထတပ်စခန်း တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။