Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများလှူဒါန်းမှုဖြင့် စနိုက်ပါတစ်လက်၊ M4 တစ်လက်နှင့် ကျည်များရရှိထားဟု KNDO၏ VENOM စစ်ကြောင်း အသိပေး

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီတပ်၏ မြ၀တီမြို့နယ် ဝေါ်လေဒေသ ဥကရစ်ထတပ်စခန်း တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။

ဓာတ်ပုံ - VENOM
ဓာတ်ပုံ - VENOM

ပြည်သူလူထုများမှ ကိုယ်ပိုင်ချွေးနည်းစာဖြင့် အခက် အခဲများကြားမှ လှူဒါန်းပေးသော အလှူငွေများဖြင့် စနိုက်ပါ တစ်လက်၊ M4 တစ်လက်နှင့်ကျည်များ ရရှိလာပြီဖြစ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) အထူးကွန်မန်ဒိုတပ်ရင်း၏ VENOM စစ်ကြောင်းက ယနေ့ အသိပေးသည်။

“ဆက်လက်လှူဒါန်းပေးနေသော မိဘပြည်သူများ ၏အလှူငွေများကို ထပ်မံစုစည်းကာ ၊ နောက်ထပ်ရောက်ဖို့လဲ ရှိပါသေးသည်။ ကျွန်တော်VENOM အနေဖြင့် ဖော်မပြတတ်လောက်အောင် ဝမ်းသာမိပါတယ်”ဟု ဖော်ပြကာ VENOM စစ်ကြောင်းမှူး စောဝင်းမြင့်က ရောက်ရှိလာသည့် လက်နက်နှင့် ကျည်များကို ပြသခဲ့သည်။

ဓာတ်ပုံ - VENOM
ဓာတ်ပုံ – VENOM

အချိန်ယူအားဖြည့်ဆဲကာလမှသည် ၊ ပြည်သူများထံသတင်းကောင်းများ ရောက်ရှိနိုင်ရေး ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီတပ်၏ မြ၀တီမြို့နယ် ဝေါ်လေဒေသ ဥကရစ်ထတပ်စခန်း တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ကော့ကရိတ်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မသိရဘဲ အင်အား ရာနှင့်ချီပါဝင်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။