Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်​ကြောင်းနှင့် တပ်မ၄၄တိုက်ပွဲ တပ်ရင်းမှူးများအပါအဝင်များစွာ​သေပြီး စစ်​ကြောင်းပျက်၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ​

ကော်ဘရာ စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေဆဲ ဖြစ်သည်ဟု အသိပေးထားပြီး တိုက်ပွဲအတွင်း ကော်ဘရာ စစ်သည် ၃ဦးသာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ဓါတ်ပုံ-Cobra Column
ဓါတ်ပုံ-Cobra Column

မြ၀တီ – ဝေါ်လေလမ်း တွင် ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင်အရာရှိများ တပ်ဖွဲ့ဝင်အများအပြား သေဆုံးပြီးစစ်ကြောင်းပျက်၍ ဆုတ်ခွာထွက်ပြေးသွားကြောင်းကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြားရှိ မြဝတီ, ဝေါ်လေသွား လမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံခြေလျင်တပ်ရင်းများကို ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်းက ယနေ့ ဇူလိုင် ၁၂ရက် နံနက်ပိုင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းအကြမ်းဖက်စစ်‌ကောင်စီ၏ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး တို့အပါအဝင် အရာရှိများ၊ တပ်သား အများအပြား သေဆုံးပြီး ” တပ်ရင်း ဖွဲ့စည်းပုံ ပျက်သည်” အထိ သေကြေ၊ ပျက်စီး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းကထုတ်ပြန်သည်။

ကော်ဘရာ စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေဆဲ ဖြစ်သည်ဟု အသိပေးထားပြီး တိုက်ပွဲအတွင်း ကော်ဘရာ စစ်သည် ၃ဦးသာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေရဲ့ ဆုတောင်းမေတ္တာကြောင့် Cobra ညီကိုများ လက်နက်ခဲယမ်းအအများအပြားရရှိ” ဟု ကော်ဘရာ စစ်ကြောင်းမှ ရဲဘော်က ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့သည်။ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘော အပါအဝင် ကော်ဘရာ စစ်သည်များက စစ်ကောင်စီတပ်ထံမှ ရရှိသည့် လက်နက်ခဲယမ်းများအား စုစည်းနေသည့် ရုပ်သံဖိုင်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယခုတပ်ရင်းပျက်သည်အထိ အ​ခြေအ​​နေဆိုးသွား​သောစစ်ကောင်စီတပ်မှာ တပ်မ ၄၄ လက်အောက်ခံ ခလရ ၈၊ ခမရ ၁၀၂၊ ခမရ ၂၀၇ တပ်များဖြစ်သည်ဟုသိရသည်။

အဆိုပါ တပ်များအနက် မကြာသေးမီကပင် ခမရ (၁၀၂) တပ်မှ ရဲဘော် ၅ဦးသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်မထမ်းဆောင်လို၍ ထွက်ပြေးလာပြီး ပြည်သူနှင့်အတူ ပူးပေါင်းခဲ့ရာ KNU က ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟုဆိုသည်။ ယခု တိုက်ပွဲဖြစ်စဉ်မတိုင်မီကလည်း အဆိုပါ စစ်ကြောင်းများတွင်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ထွက်ပြေးလာသည့် ရဲဘော် အချို့က ပြောသည်။

နယ်​မြေရှင်းလင်းရာတွင်ကနေဦး သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများမှာ
RPG အသီး – ၂၆ လုံး
RPG ပို့ယမ်း – ၂၁ တောင့်
ရှေ့ထွက်မိုင်း – ၁လုံး
နင်းမိုင်း – ၂၁ လုံး
လက်ပစ်ဗုံး – ၁၇ လုံး
စကုတ် – ၂ ခု
မိုင်းရှာစက် – ၁ ခု
၄၀ မမ – ၃၁ လုံး
အမျိုးအမည်မသိ 79 – ၃ လုံး
မိတ်ကပ် – ၂ဘူး
ဖြိုခွင်းရေး ယမ်းမဲ – ၇ချောင်း
၆၀ မမ -၂၉ လုံး
အီနာဂါ – ၂၂လုံး
ကီးပတ်ဖုန်း – ၇လုံး
Touch screen ဖုန်း – ၄လုံး
ငွေ – သိန်း၂၀
၅.၅၆ ကျည် – ၅၀၀၀
စက်လတ်ကျည် – ၃၀၀၀
MA – 1 – ၁လက်
ဂျန်ဘာစက် – ၁ခု
ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ၊ စစ်အသုံးအဆောင် ပစ္စည်းများစွာပါဝင်ကြောင်း​ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။